- Model Number: UX325JA-AH019T
- Display: 13.3″ FHD LED (60Hz Anti-Glare)
- CPU: Intel® Core™ i7 1065G7 1.30GHz (8MB Cache, up to 3.90GHz)
- Memory: LPDDR4 3200 16GB (onboard), No Slot
- Storage: 1TB PCIe G3 SSD, No Slot
- GPU: Intel Iris Plus Graphic
- ODD: Without DVD-RW
- Networking: Intel Wi-Fi 6 (802.11 ax), Bluetooth V 5.0
- OS: Window 10 Home
ASUS Zenbook UX325JA-AH019T က နောက်ထပ် Upgrade လုပ်စရာမလိုအောင် အမိုက်စား Hardware တွေကိုသာ အသုံးပြုထားတဲ့ ASUS ရဲ့ ပရီမီယမ်အဆင့် Laptop ကောင်း တစ်လုံး ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး သယ်ယူအသုံးပြုနိုင်ဖို့ မျက်နှာပြင်အရွယ်အစား 13.3” နဲ့ ထုတ်လုပ်ထားပါတယ်။ မျက်နှာပြင် Resolution က Full HD ဖြစ်ပြီး Anti-Glare ပါဝင်တဲ့အတွက် ဘယ်လိုနေရာမျိုးမှာမဆို အလင်းမပြန်ဘဲ ကြည်လင်တဲ့ရုပ်ထွက်နဲ့ အသုံးပြုနိုင်မှာပါ။ ဘေးဘောင်ပါးလွှာတဲ့ Nano Edge ဒီဇိုင်းကြောင့် မြင်ကွင်းပိုမိုကျယ်ပြန့်ပြီး IPS နည်းပညာကြောင့် သမာရိုးကျ Full HD မျက်နှာပြင်တွေထက် ပိုမိုစိုပြည်လှပတဲ့ အရောင်အသွေးနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းသုံးဆော့ဖ်ဝဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်ဖို့ CPU အဖြစ် အမြန်နှုန်း 3.9 GHz အထိ ရရှိနိုင်တဲ့ i7-10th Gen Processor ကို အသုံးပြုထားပါတယ်။ အားကောင်းတဲ့ CPU ကို 3200 MHz အမြန်နှုန်းရှိတဲ့ RAM 16GB (LPDDR4) နဲ့ တွဲဖက်ပေးထားတာကြောင့် ဆော့ဖ်ဝဲအမြင့်တွေကို တပြိုင်နက်အသုံးပြုနိုင်ပြီး RAM မလုံလောက်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။ Hard Drive အဖြစ် သမာရိုးကျ HDD ထက်ပိုမိုအကြမ်းခံပြီး အဆပေါင်းများစွာပိုမိုမြန်ဆန်တဲ့ SSD 1TB ကို ထည့်သွင်းပေးထားတဲ့အတွက် Laptop ရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေပြီး ဒေတာပမာဏ အများကြီးကိုလည်း သိမ်းဆည်းထားနိုင်မှာပါ။ ဂရပ်ဖစ်ကတ်အတွက် Gaming အတွက်သာမက Creativity ဆော့ဖ်ဝဲတွေအတွက်ကိုပါ အဆင်ပြေပြေ ထောက်ပံ့ပေးနိုင်တဲ့ Intel Iris Plus Graphic ကို တပ်ဆင်ပေးထားပါတယ်။ အင်တာနက်ချိတ်ဆက်ဖို့အတွက် 2.4Gbps အမြန်နှုန်းအထိ ရရှိနိုင်တဲ့ နောက်ဆုံးပေါ် Intel Wi-Fi 6 နည်းပညာကို အသုံးပြုထားတာကြောင့် Online ဂိမ်းကစားတာ၊ File Sharing ပြုလုပ်တာ၊ Web Application တွေအသုံးပြုတာ စတာတွေကို လျင်မြန်စွာလုပ်ဆောင်နိုင်စေမှာပါ။ OS အဖြစ် Window 10 Home ကိုတပါတည်းထည့်သွင်းပေးထားတဲ့အတွက် အဆင်ပြေပြေ Windows Update ပြုလုပ်နိုင်ပြီး Cracked Version တွေမှာလို Windows Errors တွေကို စိတ်ပူနေဖို့ မလိုတော့ပါဘူး။ Thunderbolt 3 USB-(Up to 40Gbps) Port နှစ်ခုပါဝင်တဲ့အတွက် ဒေတာအများကြီးနဲ့ အလုပ်လုပ်ရသူတွေအတွက် အရမ်းအဆင်ပြေစေမှာ ဖြစ်ပါတယ်။ Number Key တွေရိုက်နှိပ်နိုင်တဲ့ အမိုက်စား Touchpad လည်း ပါဝင်ပါတယ်။ ထူးခြားလှပတဲ့ ‘Pine Grey’ ကာလာနဲ့ ထုတ်လုပ်ထားပြီး ဖွင့်လိုက်တာနဲ့ အလိုအလျောက်ကြွတက်လာတဲ့ Ergo Lift ဒီဇိုင်းကြောင့် သက်တောင့်သက်သာနဲ့ စာရိုက်အသုံးပြုနိုင်ပြီး Laptop ရဲ့အပူလျှော့ချမှုကို အထောက်အကူဖြစ်စေပါတယ်။ အာမခံသက်တမ်းကို နှစ်နှစ်အထိ ပေးထားပါတယ်။
- 2 × Thunderbolt 3 USB-(Up to 40Gbps)
- 1 × Type-A USB 3.1 (Gen1)
- 1 × Micro SD Card Reader
- 1 × HDMI
- Up to four-finger smart gesture
- Resistance Precision Touchpad (PTP) Technology
- Glass-Covered, intelligent plam-rejection
- Edge to Edge Design With 1.4mm Key Travel
- 3D IR Camera
- Four-Sided, Frameless NanoEdge Display, IPS-Level, 16:9 aspect, Anti Glare Screen
- Wide-View technology