အရွယ်အစားသေးငယ်ပြီး စွမ်းရည်မြင့်မားတဲ့ YM-6688 နဖူးရှေ့မှ အပူချိန်တိုင်း ကိရိယာ ဖြစ်ပါတယ်။ ကိုယ်အပူချိန်ကို Infrared ရောင်ခြည်နဲ့ တိကျစွာ တိုင်းတာပေးနိုင်ပါတယ်။ အပူချိန်တိုင်းတာမှုအတွက် အရေးကြီးဆုံးဖြစ်တဲ့ Accuracy ပိုင်းကို အမြင့်မားဆုံး ရရှိအောင် ဆောင်ရွက်ပေးထားပြီး ကွဲလွဲမှု +/- 0.2 C (Body temperature mode) သာရှိတဲ့အတွက် အပူချိန်မှားယွင်းတိုင်းတာမိမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။ ကိုယ်အပူချိန် 35 C မှ 42 C (Body temperature mode) အထိ တိုင်းတာပေးနိုင်ပြီး လူနာနဲ့စက် တိုက်ရိုက် ထိတွေ့စရာမလိုဘဲ 3 ~ 5 cm အကွာအဝေးကနေ မှန်မှန်ကန်ကန် တိုင်းတာပေးနိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ ပတ်ဝန်းကျင်အပူချိန် 10 C ~ 40 C နဲ့ လေထုစိုထိုင်းဆ 15%RH~80%RH အခြေအနေတွေမှာ အသုံးပြုနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့ ရာသီမရွေး အသုံးပြုနိုင်တယ်လို့ ပြောလို့ရပါတယ်။ Power ပိုင်းအတွက် DC 9V (9V +/- 10%) Battery ကို ထည့်သွင်းအသုံးပြုရမှာဖြစ်ပြီး အသုံးမပြုဘဲ ရပ်ထားချိန် 6 စက္ကန့်အကြာမှာ အလိုအလျောက် စက်ပိတ်ပေးတာကြောင့် ဘတ္ထရီသက်တမ်းကို ပိုမိုကြာရှည်ခံစေပါတယ်။
- Small and exquisite portable
- Fast temperature measurement in one second
- Non-contact measurement
- Accuracy is most important for thermometer measurement