Jumper EZbook X3 Laptop က အရမ်းကို ပေါ့ပါးပါးလွှာတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့ထုတ်လုပ်ပေးထားတဲ့ အိမ်သုံး၊ ရုံးသုံး၊ ကျောင်းသုံး Laptop ကောင်း တစ်လုံးဖြစ်ပါတယ်။မျက်နှာပြင်က 13.3” အရွယ်အစားနဲ့ ကျစ်ကျစ်လျစ်လျစ် ထုတ်လုပ်ပေးထားပါတယ်။ Resolution က Full HD ဖြစ်တဲ့အတွက် ကြည်လင်တဲ့ရုပ်ထွက်နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး IPS နည်းပညာပါဝင်တဲ့အတွက် သမာရိုးကျ Full HD မျက်နှာပြင်တွေထက်အရောင်အသွေးပိုမိုစိုပြည်ပါတယ်။ CPU အဖြစ်တပ်ဆင်ထားတဲ့ Intel Celeron Apollo Lake N3450 Processor က ပုံမှန်ရုံးလုပ်ငန်းသုံးဆော့ဖ်ဝဲတွေကို အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ဆော့ဖ်ဝဲတွေရဲ့ လုပ်ဆောင်ချက်တွေကို အလျင်အမြန်ပြီးမြောက်အောင် CPU ကိုကူညီပေးဖို့ RAM 8GB (DDR3L) ကို တပ်ဆင်ပေးထားပါတယ်။ Data Storage ပိုင်းအတွက် HDD ထက်ပိုမိုအကြမ်းခံ၊ အသံဆူညံမှုနည်းပါးပြီး စွမ်းဆောင်ရည်ပိုမိုမြန်ဆန်တဲ့ SSD 128GB ကိုတပ်ဆင်ပေးထားတာကြောင့် Loading ကြာမြင့်တဲ့ Windows နဲ့ ဆော့ဖ်ဝဲတွေကို ဖွင့်တဲ့အခါစက္ကန့်ပိုင်းပဲ စောင့်ဆိုင်းရတော့မှာပါ။ Web Camera အဖြစ် 2.0 MP ကင်မရာကိုတပ်ဆင်ပေးထားပါတယ်။ ဘတ္ထရီအတွက် 4500mAH 7.6V ဘတ္ထရီကို အသုံးပြုထားပြီး(၆)နာရီလောက်အထိ အသုံးပြုနိုင်မဲ့ ဘတ္ထရီအမျိုးအစား ဖြစ်ပါတယ်။ OS အဖြစ် Windows 10 Home ကို တပါတည်းထည့်သွင်းပေးထားတဲ့အတွက် Cracked Version Windows တွေမှာဖြစ်တတ်တဲ့ Windows Update Error တွေကို စိတ်ပူနေဖို့ မလိုတော့ပါဘူး။ Laptop ရဲ့အထူက 8 mm သာရှိပြီး အလေးချိန်က 1.25 kg သာရှိတဲ့အတွက် တကယ့်ကို ပေါ့ပါးပါးလွှာတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ မိမိသွားလေရာကို အဆင်ပြေပြေ သယ်ယူသွားနိုင်ဖို့အတွက် Laptop အိတ်တစ်လုံးကို လက်ဆောင် ထည့်သွင်းပေးထားပါတယ်။ အာမခံတစ်နှစ်ပေးထားပြီးဖြစ်ပါတယ်။
EZbook X3 makes use of new generation CPU of Apollo Lake N3450,dual core and dual thread,main frequency can reach up to 1.1GHz-2.4GHz,flash speed of operation,together with dual core and dual thread and low power distribution brings whole new experience and fluency beyond imagination.
EZbook x3 adopts 13.3inch IPS screen, 1920×1080 FHD,each picture is clear and vivid.178 degree wide angel makes more confortable visual experience,as if being in the scene.
Fashionable polar silver outlook,the thinnest is about 8.0mm, net weight is about1.25 kg, easy to take and perfect show of simple style design.Ultra simple style and ultra delicate outlook.