- Intel® Core TM i7- 8750H processor 1799 1849
( 9MB Cache, 2.20GHz up to 4.10GHz ) - NVIDIA® Geforce GTX 1060 6GB DDR5 VRAM
- 16 GB DDR4 2666MHz Memory, 256GB SSD+1TB HDD
- 15.6” Full HD IPS 144Hz LED LCD
- USB 2.0,3.0, HDMI,Type-C,GbLAN,Card Reader
- WLAN 802.11ac + Bluetooth
- 4 cell Li-ion battery
- Windows 10 Home
- Warranty: 1 Year
Acer Predator Helios 300 Gaming Laptop က Acer ရဲ့ Predator စီးရီး Gaming Laptop တွေထဲက Flagship အဆင့် Gaming Laptop တစ်လုံး ဖြစ်ပါတယ်။ Pro Gamer တွေအတွက် အကောင်းဆုံး Gaming Experience ရရှိစေဖို့ နောက်ဆုံးပေါ် PC ဂိမ်းအမြင့်တွေအားလုံးကို သွက်သွက်လက်လက်ကစားနိုင်စေမဲ့ Intel® Core TM i7- 8750H Processor ကို တပ်ဆင်ပေးထားပါတယ်။ စွမ်းရည်မြင့် Processor ကိုမှ RAM 16GB (DDR4, 2666MHz) နဲ့ တွဲဖက်ပေးထားတာကြောင့် RAM လိုအပ်ချက်မြင့်ပါတယ်ဆိုတဲ့ ဂိမ်းတွေကို အဆင်ပြေပြေ ကစားနိုင်စေမှာပါ။ Gaming Laptop တစ်လုံးအတွက် အရေးကြီးတဲ့ ဂရပ်ဖစ်ကတ်အတွက် NVIDIA® Geforce GTX 1060 6GB DDR5 VRAM ဂရပ်ဖစ်ကတ်ကို တပ်ဆင်ပေးထားပါတယ်။ HD ဂိမ်းတွေကို ကစားဖို့အတွက်အကောင်းဆုံးဂရပ်ဖစ်ကတ်ဖြစ်ပါတယ်။ GTX 1050 မှာလို နောက်ဆုံးပေါ်ဂိမ်းတွေကို Full HD နဲ့ချောချောမွေ့မွေ့ကစားဖို့အတွက် Graphic Setting တွေကို ချိန်ညှိနေဖို့ မလိုပါဘူး။ Memory Storage အဖြစ် HDD ထက်အသံဆူညံမှုနည်းပါးသလို ပိုမိုအကြမ်းခံပြီး ဒေတာကူးပြောင်းမှုပိုမိုမြန်ဆန်တဲ့ SSD 256GB ကို နဲ့ HDD 1TB တပ်ဆင်ပေးထားပါတယ်။မျက်နှာပြင် Resolution က Full HD ဖြစ်တဲ့အပြင်ကာလာအရောင်အသွေးစိုပြည်စေတဲ့ IPS နည်းပညာလည်း ပါဝင်သေးတာကြောင့် တကယ့်ကိုသဘာဝကျတဲ့ ရုပ်ထွက်နဲ့ ဂိမ်းကစားနိုင်မှာပါ။ Screen refresh rate က eSports Pro တွေရဲ့စံသတ်မှတ်ချက်ဖြစ်တဲ့ 144Hz အတိုင်း ထုတ်လုပ်ထားတဲ့အတွက် အရမ်းမြန်တဲ့ဂိမ်းတွေမှာမျက်နှာပြင်ဝေဝါးမသွားဘဲ ကစားနိုင်မှာ ဖြစ်ပါတယ်။ သမာရိုးကျ USB connection ports တွေအပြင် USB Type-C Port ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Online Multiplayer ဂိမ်းတွေကို အထစ်အငေါ့မရှိကစားနိုင်ဖို့ လိုင်းဆွဲအားကောင်းမွန်တဲ့ GbLAN နဲ့ WiFi နည်းပညာတွေလည်း ပါဝင်ပါတယ်။ OS အဖြစ် Windows 10 Home ကိုတပါတည်းထည့်သွင်းပေးထားတာကြောင့် Crack ဗားရှင်းတွေမှာလို Window Update Error တွေကြောင့် ဂိမ်းကို အနှောင့်အယှက်ဖြစ်စေမှာမျိုး စိတ်မပူရတော့ပါဘူး။ ဘတ္ထရီအတွက်ကိုတော့ 4 Cell Li-ion ဘတ္ထရီအမျိုးအစားကို ထည့်သွင်းပေးထားပါတယ်။ လုံးဝထူးခြားဆန်းသစ်တဲ့အမိုက်စား အနက်ရောင် ကိုယ်ထည်ဒီဇိုင်းနဲ့ ထုတ်လုပ်ပေးထားပါတယ်။ အာမခံသက်တမ်း(၃)နှစ်အထိ ပါဝင်တဲ့အတွက် စိတ်ချလက်ချ ရေရှည်အသုံးပြုနိုင်တဲ့ Gaming Laptop ကောင်းတစ်လုံး ဖြစ်ပါတယ်။
- Intel® Core TM i7- 8750H processor 1799 1849
( 9MB Cache, 2.20GHz up to 4.10GHz ) - NVIDIA® Geforce GTX 1060 6GB DDR5 VRAM
- 16 GB DDR4 2666MHz Memory, 256GB SSD+1TB HDD
- 15.6” Full HD IPS 144Hz LED LCD
- USB 2.0,3.0, HDMI,Type-C,GbLAN,Card Reader
- WLAN 802.11ac + Bluetooth
- 4 cell Li-ion battery
- Windows 10 Home