How To Buy?

ဘယ်လိုဝယ်ရမလဲ?

ပုံတွင် ဝိုင်းပြထားသော Search Bar တွင် မိမိလိုချင်သော product ၏ product name, categories or brand name စသည်တို့ဖြင့်ရှာဖွေလို့ရသလို ‘All Products’ ကို နှိပ်လိုက်လျှင် သက်ဆိုင်ရာ ကုန်ပစ္စည်းများ ကျလာပြီး ထိုမှတစ်ဆင့်လည်း product များရှာဖွေနိုင်ပါသည်။

မိမိကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေ့လျှင် အရင်ဆုံး ပုံတွင်မြှားပြထားသော ‘Add To Cart ဈေးခြင်းသို့’ ကိုနှိပ်ပါ။

‘Add To Cart ဈေးခြင်းသို့’ ကိုနှိပ်ပြီးလျှင် ပုံပါအတိုင်း ‘Shopping Cart’ ထွက်လာပြီးတော့ မိမိရွေးချယ်ထားသော product များကိုပြန်စစ်ရန် ‘View Cart ဈေးခြင်းစစ်ရန်’ ကိုနှိပ်ပါ။

‘View Cart ဈေးခြင်းစစ်ရန်’ ကိုနှိပ်လျှင် ICT.com.mm ရဲ့ Cart page ကိုရောက်သွားမှာဖြစ်ပြီး၊ ထို page တွင် product များ တိုး/လျော့ ခြင်း၊ stock အရေအတွက် တိုး/လျော့ ခြင်း နှင့် coupon code ထည့်ခြင်း များ ပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်ပြီးတိုင်း ‘Update Cart’ နှိပ်ပါ။

မိမိလိုချင်သော product, stock, price အားလုံးအဆင်ပြေလျှင် order တင်ရန် ‘Checkout ငွေချေမည်’ ကိုနှိပ်ပါ။

‘Checkout ငွေချေမည်’ page သို့ရောက်လျှင် ပုံတွင်မြှားပြထားသည့် ‘Contact Info ဆက်သွယ်ရန်’ အောက်တွင် မိမိ၏ ဖုန်းနံပါတ်၊ အီးမေးလ်၊ အမည် နှင့် နေရပ်လိပ်စာ အပြည့်အစုံကိုဖြည့်စွက်ပါ။

Delivery ကိုအပေါ်တွင် ဖြည့်ထားသော လိပ်စာမဟုတ်ပဲ တခြားလိပ်စာသို့ ပို့လိုလျှင် “Deliver To A Different Address. အခြားလိပ်စာသို့ပို့” ကို အမှန်ခြစ်လုပ်ပေးပါက အောက်တွင် နောက်ထပ်ပေါ်လာသော အမည်၊ ဖုန်းနံပါတ် နှင့် နေရပ်လိပ်စာ နေရာတွင် ဖြည့်စွက်ပါ။

‘Order Notes’ နေရာတွင် customer များအနေဖြင့် မိမိပစ္စည်းပို့လိုသည့် ကားဂိတ်အမည်၊ ပို့ဆောင်စေလို့သည့်အချိန် (သို့မဟုတ်) တခြားသိစေလိုသည့်အကြောင်းအရာများကို ထပ်မံဖြည့်စွက်ရေးသားနိုင်ပါသည်။

လိပ်စာအပြည့်အစုံ ဖြည့်ပြီးမှ ပုံတွင်ဝိုင်းပြထားသည့်အတိုင်း မိမိလိပ်စာနှင့် သက်ဆိုင်သည့် ‘Delivery ပို့ဆောင်ခ’  ပေါ်လာမည်ဖြစ်သည်။ Delivery နှင့်မဟုတ်ပဲ ကိုယ်တိုင်လာယူမည်ဆိုပါက ‘Pick Up လာယူ’ ကိုရွေးပါ။
Note: ရန်ကုန်တွင်း ၃သိန်းနှင့်အထက်ဝယ်ယူသူများဆိုလျှင် ‘Free Delivery’ ရရှိမည်ဖြစ်ပြီး၊ နယ်ဆိုလျှင် ကားဂိတ်သို့ဖြစ်စေ (သို့) မြို့နယ်အလိုက် Delivery နှုန်းထား များရှိပါသည်။

ကူပွန်ကုဒ်ရှိပါက ‘Have a coupon? ကူပွန် ရှိလျှင်ဖြည့်စွက်ရန်။’ နေရာတွင် ထည့်ပါ။

ငွေပေးချေရန်အတွက် ပုံတွင်ဝိုင်းပြထားသော Payment Gategay များမှ မိမိပေးချေလိုသည့် တစ်ခုကို ရွေးပါ။

အထက်ပါ အဆင့်များပြီးသွားပါက အော်ဒါတင်ရန် ‘terms and conditions’ ကိုအမှန်ခြစ်ပေးပြီး ‘Place Order အော်ဒါတင်မည်။’ ကိုနှိပ်ပါ။

ICT.com.mm home page သို့သွားပြီးတော့ Menu icon ထဲတွင်ရှိသော ‘Shop’ menu အောက်ရှိ ‘Login’ ကိုနှိပ်လိုက်လျှင် ‘Sign In’ Form ထွက်လာပြီး အကောင့်ရှိပါက ‘user name’ နဲ့ ’email’ ရိုက်ထည့်ပြီး၊ အကောင့်မရှိသေးပါက ပုံတွင်ပြထားသော ‘Create An Account’ ကိုနှိပ်ပြီး ‘Register’ လုပ်ပါ။

ပုံတွင်ရှိသော ဝိုင်းပြထားသောနေရာတွင် မိမိလိုချင်သော product ၏ product name, categories or brand စသည်တို့ဖြင့်ရှာဖွေပါ။

မိမိလိုချင်သော product ကို order တင်တော့မည်ဆိုလျှင် product တွင်ရှိသော ‘Add To Card ဈေးခြင်းသို့’ button ကိုနှိပ်ပါ၊ ဘေးကနေ Shopping Cart ထွက်လာလျှင် ပုံတွင်ဝိုင်းပြထားသည့်အတိုင်း ‘View Cart ဈေးခြင်းစစ်ရန်’ နှင့် ‘Checkout’ ဆိုသည့် button ၂ခုတွေ့ပါမည်။

အောက်တွင် button တစ်ခုခြင်းစီကို ပုံနှင့်တကွရှင်းပြထားပါသည်။

‘View Cart ဈေးခြင်းစစ်ရန်’ ကိုနှိပ်လျှင် ICT.com.mm ရဲ့ Cart page ကိုရောက်သွားမှာဖြစ်ပြီး၊ ထို page တွင် product များ တိုး/လျော့ ခြင်း၊ stock အရေအတွက် တိုး/လျော့ ခြင်းများ ပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်ပြီးတိုင်း ‘Update Cart’ နှိပ်ပါ။

ပြီးလျှင် ပုံတွင်ပြထားသည့်အတိုင်း ‘CheckOut ငွေချေမည်’ သို့သွားနိုင်ပါသည်။

‘Checkout ငွေချေမည်’ page သို့ရောက်လျှင် ‘Contact Info ဆက်သွယ်ရန်’ အောက်တွင် မိမိ၏ information အပြည့်အစုံဖြည့်စွက်ပြီး၊ ‘Your Order သင့်အော်ဒါ’ အောက်တွင် ငွေပေးချေရန် ကြိုက်နှစ်သက်ရာ paymeny gateway တစ်ခုကိုရွေးချယ်ပါ၊ ထို့နောက် ‘terms and condition’ ကိုအမှန်ခြစ်လုပ်ပေးပြီး ‘Place Order အော်ဒါတင်မည်’ ကိုနှိပ်လိုက်ရုံဖြင့် ဝယ်ယူခြင်း ပြီးဆုံးပါပြီ။