- 10g (၁) ဒါဇင်စျေးဖြစ်ပါတယ်။
- သတိပြုရန်
- ဆေးကို အသုံးပြုနေစဉ် မျက်စိအတွင်းသို့ ဝင်ရောက်ထိတွေ့ခြင်းမရှိစေရန် သတိပြုရပါမည်။ (၃)နှစ်အောက်ကလေးများအသုံးပြုရန် မသင့်တော်ပါ။ အေး၍ခြောက်သွေ့သောနေရာတွင် ထားသိုခြင်းနှင့် နေရောင်ခြည်ဖြင့် တိုက်ရိုက်ထိတွေ့ခြင်းမရှိစေရန် ထားသိုရပါမည်။
အောင်ကောင်းစံ နံ့သာဖြူ ပရုတ်ဆီနှင့် ရှူလိမ်းဆေးရည်တို့ကို မူလ ပရုတ်ဆီ၏ အာနိသင်နှင့် နံ့သာဖြူဆီ၏ မွှေးရနံ့တို့ဖြင့် ပေါင်းစပ်၍ ထူးခြားစွာထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ၎င်းအပြင် ပြင်းထန်သောဆေးနံ့( လူမမာနံ့) မဖြစ်စေရန်လည်း ထုတ်လုပ်ထားပြီး နေရာမရွေး ၊ လူတန်းစား၊ အသက်အရွယ်မရွေး အသုံးပြုနိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
အောင်ကောင်းစံ အမှတ်တံဆိပ် နံ့သာဖြူပရုတ်ဆီ နှင့် ရှူလိမ်းဆေးရည်တို့ကို မြန်မာလူမျိုးတို့ နှစ်သက်သော နံ့သာဆယ်ပါးမှ “အနှစ်နံ့သာ” တစ်မျိုးဖြစ်သည့် နံ့သာဖြူ၏ အဆီအနှစ်တို့ကို အသုံးပြု၍ ထုတ်လုပ်ထားသဖြင့် နံ့သာဖြူဆီသည် အပူလွန်ခြင်း ဝေဒနာများတွင် လိမ်းပေးခြင်းဖြင့် အပူခိုးများထွက်၍ ဝေဒနာကိုသက်သာစေပါသည်။ ၎င်းအပြင် နံ့သာဖြူ၏ မွှေးရနံ့ကြောင့် စိတ်ကိုကြည်လင် လန်းဆန်းစေပါသည်။ အေးမြသောမွှေးရနံ့နှင့် အတူ ခေါင်းကိုက်၊ ခေါင်းမူး ၊ ဇက်ကြောတက် ၊ ဗိုက်အောင့် ၊ ဗိုက်နာ ၊ လေထိုး၊ လေအောင့် ၊ ပွန်းပဲ့ ထိရှခြင်းများအတွက် အလွယ်တကူအသုံးပြုနိုင်သော ဆေးပရုတ်ဆီမွှေးဖြစ်ကြောင်း ဖေါ်ပြအပ်ပါသည်။