Genius အမှတ်တံဆိပ် ရာနှုန်းပြည့် အာရေဘီကာ ကော်ဖီမှုန့် ဖြစ်ပါတယ်။ အနုစိတ် ကြေညက်အောင် ကြိတ်ချေထားတဲ့ Fine Ground အမျိုးအစား ကော်ဖီမှုန့်ဖြစ်တဲ့အတွက် ရေဆူဆူမှာ ပျော်ဝင်လွယ်ပြီး Espresso ကော်ဖီအမျိုးအစားကို နှစ်ခြိုက်သူတွေ ရွေးချယ်သင့်တဲ့ ကော်ဖီမှုန့်ပဲ ဖြစ်ပါတယ်။ အာရေဘီကာ Arabica ကော်ဖီက လူသားတို့ ပထမဆုံးစိုက်ပျိုးခဲ့တဲ့ မူလပထမ အာရေဘီယံကော်ဖီမျိုးစိတ်ဖြစ်တဲ့အတွက် ပိုမိုပြင်းရှတဲ့ သဘာဝကော်ဖီအရသာကို ရရှိစေမှာပါ။ မြန်မာပြည်ထုတ် အရည်အသွေးမြင့် သဘာဝကော်ဖီမှုန့်စစ်စစ် ဖြစ်ပါတယ်။ ကြေညက်စွာကြိတ်ချေထားတဲ့ Fine Ground ကော်ဖီမှုန့် 220 g ပါဝင်ပါတယ်။