သွက်လက်ပေါ့ပါးတဲ့ 10th Generation Intel Core i3-1005G1 Processor စွမ်းဆောင်ရည် HP Notebook 14s-cf3062TU ဖြစ်ပါတယ်။ အိမ်သုံး၊ ရုံးသုံးအသုံးပြုနိုင်ဖို့အတွက် ပုံမှန် 14" အရွယ်အစားနဲ့ ထုတ်လုပ်ထားပြီး မျက်နှာပြင်က ကြည်လင်တဲ့ HD (1366 x 768) Resolution ရရှိတဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ရုံးလုပ်ငန်းသုံးဆော့ဖ်ဝဲတွေအားလုံးကို သွက်သွက်လက်လက်အသုံးပြုနိုင်ဖို့ i3-10 th Gen Processor နဲ့ RAM 4GB (DDR4) တို့ကို တပ်ဆင်ပေးထားပါတယ်။ RAM Slot အလွတ်တစ်ခုပါဝင်သေးတာကြောင့် RAM ထပ်မြှင့်ချင်သူတွေအတွက် အဆင်ပြေပါတယ်။ မိမိရဲ့ Laptop Radom Access မြန်ဆန်စေဖို့ SSD ကို အသုံးပြုထားပေးပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ “Integrated ” ဂရပ်ဖစ်ကတ်အမျိုးအစားဖြစ်တဲ့ ၍ Intel® UHD Graphics ကို အသုံးပြုထားတဲ့အတွက် Laptop ရဲ့ RAM စွမ်းဆောင်ရည်ကိုအပြည့်အဝအသုံးပြုနိုင်စေမှာပါ။ Digital Microphone ပါဝင်တဲ့ “HP TrueVision” HD Camera ကို Web Cam အဖြစ်တပ်ဆင်ထားတာကြောင့် Video Call တွေကို ကြည်ကြည်လင်လင်ခေါ်ဆိုနိုင်မှာပါ။ ဘတ္ထရီအတွက် 3 Cell Battery, 41 Whr ဘတ္ထရီကို တပ်ဆင်ပေးထားပါတယ်။ DVD Read/Write Drive တော့ မပါဝင်ပါဘူး။ ဆွဲဆောင်အားကောင်းတဲ့ Jet Black အနက်ရောင်ကိုယ်ထည်ဒီဇိုင်းဖြစ်ပါတယ်။ အာမခံတစ်နှစ်ပေးထားပြီးဖြစ်ပါတယ်။