- Windows ® 10 Home
- 10th Generation Intel Core i7-1065G7 Processor
- 1.3GHz up to 3.9GHz Turbo Boost, 8MB Cache
- 8GB DDR4 Memory ( One Slot Free )
- 512 GB PCIe® NVMe™ M.2 SSD
- NVIDIA Geforce MX250 2GB
- 15.6″ diagonal FHD SVA anti-glare micro-edge WLED-backlit (1920 x 1080)
- GbLAN, Wi-Fi, BT 5, USB 2.0, USB 3.1 × 2, HDMI
- HP WideVision HD Camera, Dual Array Digital Microphone
- 3 Cell Battery
- HP Original Bag
ဒီ HP Pavilion 15-cs3124tx Laptop က Professional တွေအတွက် အဖက်ဖက်ကနေပြည့်စုံအောင်ဖန်တီးပေးထားပြီး ဈေးနှုန်းသင့်တော်တဲ့ စွမ်းရည်မြင့် တစ်ကိုယ်ရည်/လုပ်ငန်းသုံး Laptop ကောင်းလေးတစ်လုံးဖြစ်ပါတယ်။ Laptop ရဲ့ OS အဖြစ် Windows ® 10 Home ကိုတခါတည်းထည့်သွင်းပေးထားလို့ မိမိဘာသာ Windows သွင်းဖို့ မလိုအပ်တော့ပါဘူး။ Business လုပ်ငန်းသုံး Software ကောင်းကောင်းတွေကို သွက်သွက်လက်လက်အသုံးပြုနိုင်ဖို့ နောက်ဆုံးပေါ် (10 th Gen) i7 Processor ကို တပ်ဆင်ထားပါတယ်။ အားကောင်းတဲ့ CPU ကို လုံလောက်တဲ့ RAM နဲ့တွဲဖက်ပေးမှသာ မြန်ဆန်တဲ့ Computing Power ကိုရရှိနိုင်တာကြောင့် DDR4 RAM 8GB ကိုတပ်ဆင်ပေးထားပါတယ်။ RAM အသုံးပြုမှုမြင့်တဲ့ ဆော့ဖ်ဝဲတွေအများကြီး အသုံးပြုရလို့ RAM မလုံလောက်ခဲ့ဘူးဆိုရင်လည်း Slot အလွတ်တစ်ခု ပါဝင်သေးတဲ့အတွက် လွယ်လွယ်ကူကူ Upgrade ပြုလုပ်နိုင်ပါတယ်။ ဒေတာသိမ်းဆည်းဖို့အတွက် HDD ထက် အဆပေါင်းများစွာမြန်ဆန်တဲ့ M.2 SSD 512GB ကို တပ်ဆင်ပေးထားတာကြောင့် Windows ဖွင့်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းစတင်အသုံးပြုနိုင်မှာဖြစ်ပြီး ဆော့ဖ်ဝဲအသုံးပြုချိန်မှာလည်း HDD Laptop တွေထက်ပိုမိုမြန်ဆန်တာကို တွေ့ရမှာပါ။ ဂရပ်ဖစ်အပိုင်းမှာ ရုပ်ထွက်အကောင်းဆုံးရရှိစေဖို့အတွက် NVIDIA Geforce MX250 2GB ဂရပ်ဖစ်ကတ်ကို ထည့်သွင်းပေးထားပါတယ်။ သီးသန့်တပ်ဆင်ထားတဲ့ ‘Dedicated’ ဂရပ်ဖစ်ကတ်ဖြစ်လို့ ဂရပ်ဖစ်အသုံးပြုမှုမြင့်တဲ့ ဆော့ဖ်ဝဲတွေကို အသုံးပြုချိန်မှာ Laptop ရဲ့ စွမ်းဆောင်ရည်က တသမတ်တည်း ရှိနေမှာပါ။ Professional သုံး ဖြစ်တဲ့အတွက် Laptopရဲ့ မျက်နှာပြင်ကို 15.6” အရွယ်အစားနဲ့ ထုတ်လုပ်ပေးထားပြီး Full HD (1920x1080) resolution ရရှိတဲ့အတွက် ကြည်လင်တောက်ပတဲ့ ရုပ်ထွက်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်နဲ့ Wireless ချိတ်ဆက်မှုအတွက် အင်တာနက်ဆွဲအားကောင်းမွန်တဲ့ GbLAN, Wi-Fi နဲ့ Bluetooth 5 တို့ကို ထည့်သွင်းပေးထားပါတယ်။ Video Conferencing ပြုလုပ်ဖို့အတွက် HP ရဲ့ WideVision HD Web Camera နဲ့ အသံကြည်လင်တဲ့ Dual Array Digital မိုက်ကရိုဖုန်းကို တပ်ဆင်ပေးထားပါတယ်။ဘတ္ထရီကတော့ 3 Cell Battery အမျိုးအစားဖြစ်ပြီး ရုံးသွားချိန်မှာဖြစ်ဖြစ်၊ခရီးသွားလာချိန်မှာဖြစ်ဖြစ် စမတ်ကျကျ သယ်သွားနိုင်ဖို့အတွက် HP Original Bag လေးကိုထည့်သွင်းပေးထားပါတယ်။ အာမခံတစ်နှစ်ပေးထားပြီးဖြစ်ပါတယ်။
- Windows ® 10 Home
- 10th Generation Intel Core i7-1065G7 Processor
- 1.3GHz up to 3.9GHz Turbo Boost, 8MB Cache
- 8GB DDR4 Memory ( One Slot Free )
- 512 GB PCIe® NVMe™ M.2 SSD
- NVIDIA Geforce MX250 2GB
- 15.6" diagonal FHD SVA anti-glare micro-edge WLED-backlit (1920 x 1080)
- GbLAN, Wi-Fi, BT 5, USB 2.0, USB 3.1 × 2, HDMI
- HP WideVision HD Camera, Dual Array Digital Microphone
- 3 Cell Battery
- HP Original Bag