- NB0010224
- Intel Core i3-1005G1 Processor (4MB Cache, 1.2Ghz, Up to 3.4GHz)
- 4GB DDR4 2666 Onboard + 1 Slot DDR4 2666 (Up to 12GB Max)
- 1TB HDD 5400rpm 2.5″ (M.2 SSD PCIe 2280)
- 14″ FHD TN AG
- Intel UHD Graphics
- WLAN 2X2AC + BT 5.0
- 3 Cell 52.5 WH
- Backpack
Editing Software နဲ့ ဂိမ်းဆော့ဖ်ဝဲတွေမသုံးလို့ သီးသန့်ဂရပ်ဖစ်ကတ် ပါဝင်စရာမလိုဘဲ မြန်ဆန်သွက်လက်တဲ့စွမ်းဆောင်ရည်နဲ့ တစ်ကိုယ်ရည်သုံး၊ ရုံးသုံး Laptop ကောင်းကောင်း တစ်လုံးကို ရှာနေတယ်ဆိုရင် ဈေးနှုန်းသက်သာတဲ့ ဒီ Lenovo Ideapad 3 Laptop လေးကို ရွေးချယ်သင့်ပါတယ်။ Microsoft Office (Word, Excel, PowerPoint) ဆော့ဖ်ဝဲတွေအပြင် အခြားရုံးသုံးဆော့ဖ်ဝဲတွေကို သွက်သွက်လက်လက် အသုံးပြုနိုင်ဖို့ CPU အမြန်နှုန်း 3.4GHz အထိရရှိနိုင်တဲ့ Intel Core i3-1005G1 Processor ကို တပ်ဆင်ထားပါတယ်။ ဆော့ဖ်ဝဲတွေကို သွက်သွက်လက်လက် နိုင်နိုင်နင်းနင်း အသုံးပြုနိုင်ဖို့ RAM 4GB (DDR4, 2666MHz) ကို တပ်ဆင်ပေးထားပါတယ်။ Slot အလွတ်လည်း ပါဝင်သေးတဲ့အတွက် RAM ထပ်တိုးလို့ရပြီး စုစုပေါင်း RAM 12GB အထိ Upgrade လုပ်နိုင်ပါတယ်။ ဒေတာ Storage အတွက် HDD 1TB ကို ထည့်သွင်းထားတာကြောင့် ဒေတာတွေအများကြီးကို သိမ်းဆည်းနိုင်ပါတယ်။ M.2 SSD ကို ထောက်ပံ့ပေးထားတဲ့အတွက် နောက်ပိုင်းမှာ SSD ထပ်မံထည့်သွင်းပြီး Hybrid Drive ပုံစံနဲ့ စွမ်းဆောင်ရည်ပိုမိုမြန်ဆန်တဲ့ Laptop အဖြစ် Upgrade ပြုလုပ်အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်ကို 14” အရွယ်အစားနဲ့ ထုတ်လုပ်ပေးထားပါတယ်။ မျက်နှာပြင် Resolution က Full HD ဖြစ်တဲ့အတွက် ကြည်လင်တောက်ပတဲ့ရုပ်ထွက်နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး မျက်နှာပြင်အလင်းမပြန်စေတဲ့ Angi-glare ပါဝင်တာကြောင့် စိတ်ပျက်စရာအလင်းပြန်မှုတွေကို ကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။ ဂရပ်ဖစ်ပိုင်းအတွက် ပုံမှန်ဆော့ဖ်ဝဲအသုံးပြုမှုတွေအတွက် လုံလောက်တဲ့ Intel UHD Graphics ကတ်ကို ထည့်သွင်းပေးထားပါတယ်။ ဘတ္ထရီအတွက် 3 Cell 52.5 Whr ဘတ္ထရီကိုထည့်သွင်းပေးထားတာကြောင့် ဘတ္ထရီပါဝါကောင်းမွန်တဲ့ Laptop တစ်လုံးလည်း ဖြစ်ပါတယ်။ မျက်နှာပြင်ဘေးဘောင်ပါးလွှာတဲ့ ကိုယ်ထည်ဒီဇိုင်းပုံစံသစ်နဲ့ ထုတ်လုပ်ထားပြီး မီးခိုးရောင်နဲ့ အနက်ရောင်တို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။ မိမိ Laptop လေးကို စတိုင်ကျကျနဲ့ လုံလုံခြုံခြုံသယ်သွားနိုင်ဖို့ Backpack တစ်လုံးကို ထည့်သွင်းပေးထားပါတယ်။ အာမခံသက်တမ်း တစ်နှစ် ပါဝင်ပါတယ်။
- NB0010224
- Intel Core i3-1005G1 Processor (4MB Cache, 1.2Ghz, Up to 3.4GHz)
- 4GB DDR4 2666 Onboard + 1 Slot DDR4 2666 (Up to 12GB Max)
- 1TB HDD 5400rpm 2.5" (M.2 SSD PCIe 2280)
- 14" FHD TN AG
- Intel UHD Graphics
- WLAN 2X2AC + BT 5.0
- 3 Cell 52.5 WH
- Backpack