- NB0010144
- Processor: Intel®Core i3-1005G1 Processor (4MB Cache, 1.20GHz,Up to 3.40GHz)
- Memory: 4GB DDR4 2666 Onboard + 1 Slot DDR4 2666 (up to 8GB Max)
- Storage: 1TB 7MM 5400RPM+ (M.2 SSD 2280 PCIE)
- Display/Monitor: 14.0 FHD IPS AG
- Graphic Card: Integrated
- Wireless Card: WLAN_2X2AC+BT
- Battery: 3CELL 52WH
- Bag: Backpack
ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်တဲ့ i3 Laptop တွေထဲမှာ RAM နဲ့ SSD ထပ်စိုက်ပြီး Laptop ရဲ့ စွမ်းဆောင်ရည်ကို မြှင့်လို့ရတဲ့ Laptop တစ်လုံးကို ရှာနေတယ်ဆိုရင် Lenovo Ideapad S340 (i3-10 th Gen) Laptop ရှိပါတယ်။ System ပိုင်းမှာ တပ်ဆင်ထားတဲ့ နောက်ဆုံးပေါ် i3-10 th Gen Processor က ပုံမှန်ရုံးလုပ်ငန်းသုံးဆော့ဖ်ဝဲတွေအားလုံးကို နိုင်နိုင်နင်းနင်း အသုံးပြုနိုင်ပါတယ်။တွဲဖက်တပ်ဆင်ထားတဲ့ RAM 4GB (2666MHz, DDR4) က Laptop CPU ရဲ့ အလုပ်တွေကိုမြန်မြန်ဆန်ဆန် ပြီးမြောက်အောင် ကူညီပေးမှာဖြစ်ပြီး RAM အသုံးပြုမှုမြင့်တဲ့ ဆော့ဖ်ဝဲတွေကိုအသုံးပြုရလို့ RAM ထပ်စိုက်ချင်တယ်ဆိုရင်လည်း Slot အလွတ်မှာ RAM ထပ်တိုးနိုင်ပါတယ်။စုစုပေါင်း 8GB အထိ တိုးမြှင့်နိုင်ပါတယ်။ ဒေတာသိမ်းဆည်းမှု အတွက် HDD 1TB (5400 RPM)ကိုထည့်သွင်းထားတာကြောင့် သင့်ရဲ့ လုပ်ငန်း/ရုပ်ရှင်၊ သီချင်း ဒေတာတွေ အများကြီးကိုတစ်နေရာတည်းမှာ သိမ်းဆည်းနိုင်မှာပါ။ ဒေတာသိမ်းဆည်းမှုအတွက် M.2 SSD 2280 PCIE ကိုထောက်ပံ့ပေးထားသေးတာကြောင့် နောက်ပိုင်းမှာ M.2 SSD ကို ထပ်ထည့်ပြီး သင့် Laptop ရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်လာအောင် မြှင့်တင်နိုင်ပါသေးတယ်။ မျက်နှာပြင် အရွယ်အစား 14” နဲ့ ထုတ်လုပ်ထားပြီး Full HD Resolution ရရှိမှာ ဖြစ်ပါတယ်။ IPS နည်းပညာပါဝင်တဲ့အတွက် သာမန်Full HD မျက်နှာပြင်တွေထက် ကာလာအရောင်အသွေး ပိုမိုစိုပြည်မှာဖြစ်ပြီး Laptop နဲ့ရုပ်ရှင်ကြည့်တတ်သူတွေ အကြိုက်ဖြစ်မှာပါ။ Anti-glare နည်းပညာပါဝင်တဲ့အတွက်ဘယ်လိုနေရာမျိုးမှာမဆို အလင်းမပြန်ဘဲ အသုံးပြုနိုင်ပါတယ်။ ဂရပ်ဖစ်ကတ်ကိုတော့ပုံမှန်လုပ်ငန်းအသုံးပြုမှုအတွက် လုံလောက်တဲ့ Integrated ဂရပ်ဖစ်ကတ်ကို ထည့်သွင်းထားပါတယ်။ဘတ္ထရီက 3 Cell 52Whr ဘတ္ထရီဖြစ်တဲ့အတွက် ဘတ္ထရီအသုံးခံမဲ့ Laptop ကောင်းလေးပဲဖြစ်ပါတယ်။ ရိုးရှင်းလှပတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ ဒီ Laptop လေးကို သွားသွားလာလာသယ်ယူသွားနိုင်ဖို့ BackPack တစ်လုံးကို လက်ဆောင်ထည့်သွင်းပေးထားပါတယ်။အာမခံတစ်နှစ်ပေးထားပြီးဖြစ်ပါတယ်။
Great for entertainment
The IdeaPad S340 brings your audio experience alive with the theatre-like sound of Dolby Audio™. You’ll also get the most of your display, thanks to its slim top and side bezels and up to FHD resolution. Touchscreen models are also available.

Power & smarts
We’ve powered the IdeaPad S340 with up to 10th Gen Intel® Core™ processors for speedy responsiveness, no matter what your task. We’ve also added thoughtful design elements such as the camera shutter, which puts you in control of what your webcam sees, and the optional backlit keyboard that’s perfect for working in dimly lit places.
