- E14-IML T
- 20RA0059VA
- Display: 14″ Fulll HD IPS
- CPU: Intel CORE i5-10210U 1.6Ghz 4C MB
- Memory: 8GB DDR4 2666Mhz RAM SODIMM
- Storage SSD: 256GB SSD M.2 2280 NVME
- Graphic: AMD Radeon RX640 2GB Graphic Card
- WLAN: INTEL AX201 2X2AX+BT WW
- Log In: FINGERPRINT READER
- Camera: 720P HD CAMERA W/MIC
- OS: Free DOS
- BACKLIT: BACKLIT Keyboard
- Battery: 3CELL 45WH INTERNAL
- Adapter: 65W USB-C PCC 3PIN
လျင်မြန်သွက်လက်တဲ့ Performance နဲ့အတူ ဂရပ်ဖစ်ကတ်လည်း ပါဝင်တဲ့တစ်ကိုယ်ရည်/လုပ်ငန်းသုံး Laptop ကောင်းကောင်းလေး တစ်လုံးကို ရှာနေတယ်ဆိုရင် ဒီ Lenovo ThinkPad E14-IML (i5-10th Gen) Laptop လေးက စဉ်းစားသင့်တဲ့ Laptop တွေထဲကတစ်လုံးဖြစ်ပါတယ်။ ThinkPad E14 ရဲ့ မော်ဒယ်ခွဲဖြစ်ပြီး AMD ဂရပ်ဖစ်ကတ်သီးသန့်ပါဝင်ပါတယ်။ မျက်နှာပြင်အရွယ်အစား 14” နဲ့ ကျစ်ကျစ်လျစ်လျစ် ထုတ်လုပ်ပေးထားပြီးဘေးဘောင်ပါးလွှာတဲ့ ဒီဇိုင်းဖြစ်တာကြောင့် ပိုမိုကြည့်ကောင်းတဲ့ ဒီဇိုင်းနဲ့ အသုံးပြုနိုင်မှာပါ။Resolution က Full HD ဖြစ်ပြီး IPS နည်းပညာပါဝင်တဲ့အတွက် ရုပ်ထွက်ကြည်လင်ရုံသာမကအရောင်အသွေးကလည်း စိုပြည်လှပပါတယ်။ CPU အတွက် Intel Core I5-10210U 1.6Ghz 4C MB ကို တပ်ဆင်ထားပြီး 2666MHz DDR4 RAM 8GB ကို တပ်ဆင်ထားတာကြောင့်လုပ်ငန်းသုံးဆော့ဖ်ဝဲအမြင့်တွေကို သွက်သွက်လက်လက်နဲ့ Run ပေးနိုင်ပါတယ်။ Memory Storage မှာ သာမန် HDD နဲ့ PCle SSD ထက် ပိုမိုမြန်ဆန်တဲ့ NVME M.2 2280 SSD 256GB ကိုအသုံးပြုထားတာကြောင့် Laptop ရဲ့ Windows နဲ့ Software အဖွင့်အပိတ်၊ ဒေတာကူးပြောင်းမှုကလုံးဝမြန်ဆန်သွက်လက်နေမှာ ဖြစ်ပါတယ်။ AMD Radeon RX 640 RX640 2GB ဂရပ်ဖစ်ကတ်ကိုတပ်ဆင်ပေးထားတဲ့အတွက် ဂရပ်ဖစ်လိုအပ်တဲ့ လုပ်ငန်းသုံးဆော့ဖ်ဝဲတွေနဲ့ ဂိမ်းတွေကိုအဆင်ပြေပြေနဲ့ အသုံးပြုနိုင်မှာပါ။ အလွယ်တကူ Login လုပ်နိုင်ဖို့ လုံခြုံရေးမြင့်မားတဲ့ Finger Print Reader လည်း ပါဝင်ပါတယ်။ Web ကင်မရာအတွက် 720P HD ကင်မရာကိုတပ်ဆင်ထားတာကြောင့် Work From Home ပရော်ဖက်ရှင်နယ်တွေနဲ့ Online Education ကျောင်းသားတွေ အကြိုက်တွေ့ကြမှာပါ။ ကီးဘုတ်က မီးလင်းတဲ့ Backlit ကီးဘုတ်အမျိုးအစားဖြစ်ပြီး Laptop ဘတ္ထရီအတွက် 3Cell 45Whr ဘတ္ထရီကိုတပ်ဆင်ထားပါတယ်။ Charging Adapter အဖြစ် 65W USB-C PCC 3PIN Adapter ကို အသုံးပြုထားတဲ့အတွက် အားဝင်မြန်ဆန်မှာပါ။ Lenovo Thinkpad E 14 ကိုမှ SSD နဲ့ဂရပ်ဖစ်ကတ်မှာ အပြောင်းအလဲ ပြုလုပ်ထားပြီး တူညီတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးထားတဲ့ Laptopဖြစ်ပါတယ်။ အာမခံ တစ်နှစ်ပေးထားပြီးဖြစ်ပါတယ်။