- *Surface Go Type Cover and Surface Pen sold separately*
- Processor: Intel® Pentium® Gold Processor 4425Y 8th Gen
- Display: 10.5” PixelSense™ Display
- Resolution: 1920 x 1280 (220 PPI)
- Touch: 10 point multi-touch
- Memory: 8GB RAM
- Graphics: Intel® UHD Graphics 615
- Storage: 128 GB Solid-state drive (SSD)
- Battery life: Up to 10 hours of typical device usage
- Software: Windows 10 Home in S mode2 Microsoft 365 Family one month trial
၂၀၂၀ မှာမှ အသစ်ထုတ်လုပ်ထားတဲ့ Microsoft Surface Go 2 ကို မျက်နှာပြင်အရွယ်အစား 10.5” နဲ့ပဲ ထုတ်လုပ်ပေးထားပြီး Tablet လိုရော Laptop လိုပါအသုံးပြုလို့ရတဲ့ 2-in-1 အမျိုးအစား Laptop ဖြစ်ပါတယ်။ ဒီ Microsoft Surface Go 2 ကို Windows 10 Home နဲ့အသုံးပြုရမှာဖြစ်ပြီး 5MP Selfie ကင်မရာနဲ့ 8MP နောက်ကျောကင်မရာတို့ကို တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အချိုးက 3:2 ဖြစ်ပြီး Resolution - 1920 x 1280 (220 PPI) ရရှိတဲ့ မြင်ကွင်းကျယ် Touchscreen Display ကို တပ်ဆင်ပေးထားပါတယ်။ System ပိုင်းမှာ Intel® Pentium® Gold Processor 4425Y (8th Gen) နဲ့ RAM 8GB တို့က မောင်းနှင်ပေးမှာဖြစ်ပြီး ဒေတာသိမ်းဆည်းမှုအတွက် 128GB SSD ကို တပ်ဆင်ပေးထားတာကြောင့် 2-in-1 Laptop ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေမှာပါ။ အသုံးပြုမှုပေါ်မူတည်ပြီး (၁၀)နာရီအထိ ဘတ္ထရီအားခံနိုင်ပါတယ်။ ဒီ Surface Go 2 မှာ တွဲဖက်အသုံးပြုတဲ့ Type Cover နဲ့ S-Pen တို့ကိုတော့ သီးသန့်ဝယ်ယူရမှာပါ။ ဒေတာတွေကို လုံခြုံစွာသိမ်းဆည်းအသုံးပြုနိုင်ဖို့ Security ပိုင်းကို မြှင့်တင်ပေးထားပြီး Parental Control လို လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ စမတ်ဖုန်းတွေနဲ့ Data Sharing ပြုလုပ်နိုင်ဖို့ USB Type-C ကို ထည့်သွင်းပေးထားပါတယ်။ Surface Go 2 ကို ကျစ်လျစ်ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ပေးထားပြီး အင်တာနက်အသုံးပြုတာ၊ အိမ်စာတွေလုပ်တာ၊ Presentation တွေပြင်ဆင်ရေးဆွဲတာ၊ S-Pen အသုံးပြုပြီး ပန်းချီဒီဇိုင်းတွေပုံဖော်တာ စသဖြင့် ဘက်စုံအသုံးပြုနိုင်တဲ့အတွက် တကယ့်ကို အသုံးဝင်လှတဲ့ 2-in-1 Laptop ကောင်းလေး တစ်လုံးပဲ ဖြစ်ပါတယ်။
Surface Go 2
Our smallest, lightest 2-in-1 laptop
Keep up with everyone from just about anywhere. New 10.5” Surface Go 2 is perfectly portable, with tablet-to-laptop versatility and long battery life up to 10 hours.