ပူပြင်းလှတဲ့ နွေရာသီရဲ့ အပူဒဏ်ကို သက်သာစေမဲ့ Midea အမှတ်တံဆိပ် Air Cooler AC-200W ဖြစ်ပါတယ်။ အေးမြတဲ့လေပြည်လေညင်းကို 500m3/hr လေစီးဆင်းမှုအမြန်နှုန်းနဲ့ မိမိရဲ့အခန်းတွင်းသို့ ထုတ်လွှတ်ပေးနိုင်ပါတယ်။ အခန်းတွင်းမှာ အလျင်အမြန်အေးမြစေရန်အတွက် လေထုကို ငွေ့ရည်ဖွဲ့ အေးမြပေးမဲ့ Humidifier အထူးလုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အသုံးပြုနိုင်တဲ့ ရေ (သို့) ရေခဲရဲ့ ဆံ့ဝင်ပမာဏကတော့ (၇)လီတာ ဖြစ်ပါတယ်။ ပန်ကာလည်ပတ်တဲ့ အမြန်နှုန်း (၃)မျိုးပါဝင်တဲ့အတွက် မိမိနှစ်သက်ရာအမြန်နှုန်းနဲ့ အသုံးပြုနိုင်ပါတယ်။ Air Cooler ကို အလွယ်တကူ အသုံးပြုနိုင်ဖို့အတွက် Digital Display ကို ထည့်သွင်းထားပြီး Remote Control နဲ့လည်း ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။ (၁၂)နာရီအထိ အသုံးပြုချိန် သတ်မှတ်ပေးနိုင်တဲ့ 12 Hour Timer Setting ပါဝင်တဲ့အတွက် မိမိအသုံးပြုလိုတဲ့ ကြာချိန်အလိုက် Timer နဲ့ ထိန်းချုပ်နိုင်တာကြောင့် စွမ်းအင်အသုံးပြုမှုကို ချွေတာနိုင်စေသလို ညဘက်အသုံးပြုတဲ့အခါမှာ အလွန်အမင်း အေးမြနေတာမျိုး မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။