- လတ်တလောအခြေအနေတွင် နေ့စဥ်ငွေစျေးနှုန်းအပြောင်းအလဲရှိပါသဖြင့် ရောင်းစျေးအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။
- Chest Type, Single Door
- Inner push-and-pull glass door design
- Direct cool
- Deep cooling & quick freezing
- Adjustable thermostat
- Easy to clean interior
- Easy rolling wheels
- Removable storage basket
- Warranty: 1 Year
Midea အမှတ်တံဆိပ် Chest Freezer HS-252C ရေခဲသေတ္တာ ဖြစ်ပါတယ်။ Chest Type (သေတ္တာပုံစံ)အမျိုးအစားဖြစ်ပြီး တံခါးပေါက် တစ်ခုပဲ ပါဝင်ပါတယ်။ အတွင်းဘက်မှာ တွန်း/ဆွဲဖွင့်လို့ရတဲ့ မှန်တံခါးဒီဇိုင်းကို တပ်ဆင်ထားပါတယ်။ တိုက်ရိုက်အအေးပေးစနစ်ဖြစ်ပြီး အစားအစာများကို အလျင်အမြန်အေးခဲထားနိုင်တဲ့ Deep cooling နဲ့ Quick freezing လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။အပူချိန်ကို အလွယ်တကူ ချိန်ညှိပေးမဲ့ Thermostat ပါဝင်တာကြောင့် မိမိအသုံးပြုလိုတဲ့အပူချိန်အနေအထားကို အလွယ်တကူ ချိန်ညှိနိုင်ပါတယ်။ အတွင်းပိုင်းသန့်ရှင်းရေး ပြုလုပ်ရလွယ်ကူအောင်လည်း ပုံစံထုတ်ပေးထားပါတယ်။ တစ်နေရာမှ တစ်နေရာကို အလွယ်တကူတွန်းရွှေ့သွားနိုင်အောင် ဘီးလုံးငယ်လေးတွေကို ထည့်သွင်းပေးထားပါတယ်။ အချို့ပစ္စည်းတွေကိုခွဲခြားထည့်သွင်းထားနိုင်မယ့် အဖြုတ်အတပ်လုပ်လို့ရတဲ့ ခြင်းငယ်တစ်လုံးလည်း ပါဝင်ပါတယ်။မီးအားအသုံးပြုမှုလျော့နည်းပြီး စွမ်းအင်ချွေတာမှုအဆင့် A+ ကို ရရှိထားပါတယ်။ဆံ့ဝင်ပမာဏကတော့ 194 လီတာ ဖြစ်ပြီး အရွယ်အစားကတော့ (W×D×H)(mm): 845×823×850 ဖြစ်ပါတယ်။ ဆူညံသံနည်းပါးပြီး လျှပ်စစ်ရှော့ခ်အန္တရာယ်ကို ကာကွယ်ပေးတဲ့ စနစ်တွေကိုထည့်သွင်းပေးထားပါတယ်။ နာမည်ကျော် အိမ်သုံးပစ္စည်း ထုတ်လုပ်သူ Midea ကနေထုတ်လုပ်ပေးထားတာကြောင့်အရည်အသွေးပိုင်း အထူးကောင်းမွန်ပြီး ခိုင်မာမှုရှိတဲ့အတွက်ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
- Energy Efficient (A+ Energy rating)
- Chest Type, Single Door
- White Colour
- 194 litres
- Dimensions (W×D×H)(mm): 845×823×850
- Low noise, electrical shock protection
- Very durable Midea Quality