ပူပြင်းလှတဲ့ နွေရာသီအပူဒဏ်ကို လျှော့ချပေးနိုင်တဲ့ Midea အမှတ်တံဆိပ် စားပွဲတင်ပန်ကာ FT40-17NB ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် 16” ရှိပြီး အရည်အသွေးကောင်းမွန်တဲ့ ကြေးနီအသုံးပြု မော်တာနဲ့ ပန်ကာဒလက်တွေကို တပ်ဆင်ပေးထားပါတယ်။ လေတိုက်ခတ်မှု အမြန်နှုန်း (၃)မျိုး ပါဝင်ပြီး မိမိစိတ်ကြိုက် အမြန်နှုန်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Oscillation Feature ပါဝင်တဲ့အတွက် ပန်ကာရဲ့ လေလမ်းကြောင်းဦးတည်ရာကို ဘေးဘက် ဘယ်ညာနှစ်ဖက်လုံးကို အပြန်အလှန် လှည့်ပတ်ပေးနိုင်ပါတယ်။ အလွယ်တကူ ဖြုတ်တပ်ပြုလုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့အတွက် သန့်ရှင်းရေးလုပ်တဲ့အခါမှာ အလွယ်တကူပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ အေးမြတဲ့ လေပြည်လေညင်းကို ပေးစွမ်းနိုင်တဲ့ စားပွဲတင်ပန်ကာတစ်လုံး ဖြစ်ပါတယ်။
- Model: FT40-17NB
- Size: 16"
- Power: 55W
- Features: 3 energy efficient speed,High quality copper motor
- Number Of Blades: 3
- Oscillation