ပြင်သစ်နိုင်ငံထုတ် Moet & Chandon Grand Vintage Rose (2009) ရှန်ပိန် ဖြစ်ပါတယ်။ နာမည်ကျော် ဝိုင်နဲ့ ရှန်ပိန်တွေကို ထုတ်လုပ်ရာ ပြင်သစ်နိုင်ငံမြောက်ပိုင်း၊ Reims မြို့ Champagne ဒေသကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Champagne Blend ရောစပ်နည်းဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး အနီရောင်ဝိုင်စပျစ်မျိုးဖြစ်တဲ့ Pinot Noir စပျစ် (42%) ၊ ကမ္ဘာ့လူကြိုက်အများဆုံး အဖြူရောင် ဝိုင်စပျစ်မျိုးဖြစ်တဲ့ Chardonnay စပျစ် (35%) ၊ နက်မှောင်တဲ့အခွံနဲ့ Sparkling ဝိုင်စပျစ်မျိုးဖြစ်တဲ့ Pinot Meunier စပျစ် (23%) တို့ဖြင့် ရောစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အယ်လ်ကိုဟောပါဝင်မှု ၁၂.၅% ရှိတဲ့ Brut/2009 (Sparkling - Berries and Cream) ရှန်ပိန်ဖြစ်ပါတယ်။ Champagne Rosé သို့မဟုတ် Pink Champagne လို့ လူသိများတဲ့ ရှန်ပိန်အမျိုးအစားဖြစ်ပြီး ပင်လယ်စာကမာ၊ ငါးကြီးငါးဥဆားနယ်၊ ပုစွန်တုပ်နဲ့ ငါးအစိမ်းဟင်းလျာတွေနဲ့ လိုက်ဖက်တဲ့ ပြင်သစ်ရှန်ပိန် ဖြစ်ပါတယ်။