- 7 Adjustable Positions which will cater to your growing child’s ergonomic needs
- Ideal for children aged 4-14 years
- A range of 5 Colours
- Quality Castors
- Swivel Function
- Height/Seat Depth Adjustable Backrest
- Pneumatic Seat Height Adjustment
- Generous Padding
စာကြည့်ချိန်မှာပဲဖြစ်ဖြစ်၊ ပုံမှန်အသုံးပြုချိန်မှာပဲဖြစ်ဖြစ် ကလေးငယ်တွေအတွက် သက်တောင့်သက်သာနဲ့ အသုံးပြုနိုင်အောင်ထုတ်လုပ်ပေးထားတဲ့ ROOKEE အမှတ်တံဆိပ် Kids Educational Study Chair ထိုင်ခုံ ဖြစ်ပါတယ်။ အသက် (၄)နှစ်မှ (၁၄)နှစ် အရွယ်အထိ အသုံးပြုနိုင်ပါတယ်။ ထိုင်ခုံအနေအထားကို အဆင့် (၇)ဆင့်အထိ ချုံ့နိုင်/ချဲ့နိုင်တဲ့အတွက် တစ်နှစ်ထက်တစ်နှစ်ဖွံ့ဖြိုးကြီးထွားလာတဲ့ မိမိကလေးငယ်ရဲ့ ကြီးထွားမှုအလိုက် ထိုင်ခုံအနေအထားကို အဆင်ပြေပြေ ပြောင်းလဲပေးနိုင်ပါတယ်။ အရည်အသွေး ကောင်းမွန်တဲ့ ဘီလုံးငယ်တွေကို ထိုင်ခုံခြေထောက်မှာ တပ်ဆင်ပေးထားပြီး ထိုင်ခုံက ဆုံလည်ထိုင်ခုံ ဖြစ်ပါတယ်။ ထိုင်ခုံရဲ့အနိမ့်အမြင့်ကို ချိန်ညှိလို့ရပြီး နောက်မှီရဲ့ အနိမ့်အမြင့်ကိုလည်း ချိန်ညှိနိုင်တဲ့အတွက် ကွန်ပြူတာနဲ့ Online Learning လုပ်ရတဲ့အခါမှာ မျက်စိနဲ့ မော်နီတာကို မှန်ကန်တဲ့အနေအထားရရှိအောင် ပြုလုပ်ပေးနိုင်မှာပါ။ အရောင်ငါးမျိုးနဲ့ ထုတ်လုပ်ပေးထားတဲ့အတွက် ကလေးငယ်စိတ်ကြိုက်အရောင်ကို ရွေးချယ်ဝယ်ယူပေးနိုင်ပါတယ်။ အာမခံငါးနှစ်အထိ ပေးထားတဲ့အတွက် စိတ်ချလက်ချနဲ့ ရေရှည် အသုံးပြုနိုင်မှာပါ။
ကဲ ဒီတခါတော့ Kiddo လေးတွေအတွက် Rookee chair လေး နဲ့ မိတ်ဆက်ပေးပါမယ်။
- အိမ်မှာ online learning လုပ်နေရတဲ့ အချစ်ဆုံး သားသားမီးမီးတွေအတွက် ဒါမှမဟုတ် ချစ်ရတဲ့ တူတွေ တူမတွေ အတွက် အရမ်းမိုက်တဲ့ ခုံလှလှလေးနဲ့ သက်တောင်သက်သာ ထိုင်လုပ်လို့ရအောင် ဝယ်ပေးလို့ရပါတယ်နော်။
- Height adjustable အပြင် အရမ်းလွယ်ကူပြီး သားသားမီးမီးတို့ ကိုယ်တိုင်လုပ်နိုင်တဲ့ 7 adjustable back seatလေးပါလို့ အသက် ၄နှစ်ကနေ အသက် ၁၄-၁၅နှစ်လောက်ထိ တောက်လျောက် သုံးသွားလို့ရတယ်။
- Quality ကလည်း Malaysia Made စစ်စစ်၊ ၅နှစ် အာမခံ ကို မှ BIFMA test အောင်ပြီးသားဆိုတော့ safety အတွက်ရော design အတွက်ရော စိတ်ပူစရာမလိုတော့ဘူး။ ‼️BIFMA TEST ဆိုတာ ပရိဘောဂတွေ အထူးသဖြင့် ထိုင်ခုံတွေရဲ့ Quality, safety, performance and substainability ကို စစ်ပေးတာပါ။ အဲ့တော့ safety and quality ကို စိတ်ပူစရာမလိုဘူးပြောတာပါ။‼️
- color က ၆ ရောင် ရွေးလို့ ရတော့ သားသားတွေရော မီးမီးတွေ အတွက်ပါ အဆင်ပြေပါတယ်လို့။