- လတ်တလောအခြေအနေတွင် နေ့စဥ်ငွေစျေးနှုန်းအပြောင်းအလဲရှိပါသဖြင့် ရောင်းစျေးအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။
- Capacity: 3 Litres
- Power: 650W
- Weight: 2.77 kg
- Dimension: 28.5 × 27 × 28 cm
ဆန့်ဝင်ပမာဏ ၃ လီတာ ရှိတဲ့ SEVERIN အမှတ်တံဆိပ် RK-2425 Rice Cooker ထမင်းပေါင်းအိုး ဖြစ်ပါတယ်။ 650W ပါဝါအသုံးပြုမှာ ဖြစ်ပြီး ထမင်းချက်ပြီးတဲ့အချိန်မှာ အမြဲတမ်းပူနွေးနေအောင် ထိန်းသိမ်းထားပေးနိုင်တဲ့ Heat Function ပါဝင်ပါတယ်။ အရည်အသွေးကောင်းမွန်အောင် အထူးပြုလုပ်ထားပြီး ချက်ထားတဲ့ ထမင်းတွေ ခြောက်သွေ့သွားမှာ ပူစရာမလိုသလို အိုးအောက်ခြေမှာ ကပ်ငြိနေမှာကိုလည်း လုံးဝစိတ်ပူစရာ မလိုပါဘူး။ အသီးအရွက်တွေကို ပေါင်းခံလိုတဲ့အခါမှာလည်း အသင့်ထည့်သွင်းပေးထားတဲ့ ဗန်းကိုအသုံးပြုပြီး ရေနွေးငွေ့နဲ့ ပေါင်းခံနိုင်ပါတယ်။ အတွင်းဘက်ကအိုးကို ကိုယ်ထည်မှာ အသေတပ်ဆင်ထားခြင်း မရှိတာကြောင့် အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။ ပေါင်းအိုးကို ဖွင့်လိုတဲ့အခါမှာ အဖုံးက ခလုတ်ကို အသုံးပြုပြီး ဖွင့်နိုင်သလို အလွယ်တကူသယ်ဆောင်သွားနိုင်ဖို့အတွက် တောင့်တင်းတဲ့ လက်ကိုင်ကို ထည့်သွင်း ပေးထားပါတယ်။ ဒါ့အပြင် အဖုံးကိုယ်ထည်ရဲ့ ဘေးမှာ ဇွန်းထည့်သွင်းစရာ ကွင်းငယ်တစ်ခု တပ်ဆင်ပေးထားပါတယ်။ တွဲဘက်ပစ္စည်းတွေအနေနဲ့ ထမင်းခူးရန် ဇွန်းတစ်ချောင်း၊ ပေါင်းခံဗန်း၊ ချိန်တွယ်ခွက်နဲ့ ပါဝါကေဘယ်ကြိုးတို့ ပါဝင်ပါတယ်။ ထမင်းကပ်ငြိမှုမရှိတဲ့အတွက် သန့်ရှင်းရေးပြုလုပ်ရတာ လွယ်ကူပြီး အချိန်မရွေး ပူပူနွေးနွေး ထမင်းကို ရရှိစေမဲ့ Rice Cooker ဖြစ်ပါတယ်။
- The Function of maintaining the heat at the end of the cooking cycle. Lcd display.
- On/ off switch. Container collecting water vapour
- Cover opened with a button. Rice spoon. Measure. Detachable cable.