Singtech အမှတ်တံဆိပ် H1 Plus ဘတ်ဂျက်စမတ်ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား 5.5” နဲ့ ထုတ်လုပ်ထားပြီး CPU အဖြစ် MT6580A/WMA Processor ကို အသုံးပြုထားတဲ့အတွက် ပုံမှန် ပေါ့ပေါ့ပါးပါး Apps တွေကို အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ Internal Storage 8GB ပါဝင်ပြီး RAM 1GB ဖြစ်တဲ့အတွက် ပုံမှန်ဆော့ဖ်ဝဲတွေလောက်ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ဆော့ဖ်ဝဲတွေအများကြီး အသုံးပြုဖို့နဲ့ ဂိမ်းကစားဖို့တော့ မသင့်တော်ပါဘူး။ နောက်ကျောဘက်ကင်မရာက Auto Focus ပါဝင်တဲ့ 8MP ကင်မရာကို တပ်ဆင်ပေးထားတာဖြစ်ပြီး Selfie ကင်မရာအတွက် Fix Focus နဲ့ 5MP ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Sim ကတ်နှစ်ကတ်ထိုး အမျိုးအစားဖြစ်ပြီး 4G Network နဲ့ အသုံးပြုနိုင်တဲ့အတွက် လိုင်းဆွဲအား ကောင်းမွန်ပါတယ်။ OS အဖြစ် Android 8.0 နဲ့ မောင်းနှင်ပေးမှာ ဖြစ်ပါတယ်။ နားကြပ်ပေါက်ပါဝင်မှာဖြစ်ပြီး ဗီဒီယိုကြည့်ရှုတာ၊ ဗီဒီယိုရိုက်ကူးတာ၊ သီချင်းနားထောင်တာ၊ FM ရေဒီယိုနားထောင်တာ၊ အသံဖမ်းတာ စတဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါတယ်။ ဘတ္ထရီအတွက် 2500mAh ဘတ္ထရီအမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။ အနီရောင် နဲ့ ပန်းရောင်တို့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။ အာမခံသက်တမ်း တစ်နှစ် ပါဝင်ပါတယ်။
- Display: 5.5 inch
- CPU: MT6580A/WMA
- Memory(RAM): 1GB
- Storage(ROM): 8GB
- Connectivity: USB, WiFi, Bluetooth
- Camera: 8M 2355 Auto Focus + 5M 2355 Fix Focus
- SIM Slot: Dual sim
- Entertainment: Video Player, Video Recording, Music Player, FM Radio, Ringtone, Hedphone, Audio Record
- Web: Web Browser(Supported), HTML(Supported)
- Network Supported: 2G,3G,4G
- OS: Android 8.0
- Battery: 2500mAh