- Display Size (inches): 50″
- Display Resolution: 3840 × 2160
- Resolution: 4K UHD
- Refresh Rate: 50Hz
- TV Technology: LED
- Power Supply: 100V-240V
- Input: HDMI, USB
- Connectivity: Bluetooth
- Other Funtion: Google Assistant, Dolby Audio, Smart Sound,Youtube, Netflix, Chromecast built-i
Google အသိအမှတ်ပြု Android TV (Android P) စနစ်အသုံးပြု TCL အမှတ်တံဆိပ် “4K UHD” Android စမတ် TV ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားက (၅၀”) ဖြစ်ပြီး Resolution ကတော့ 4K Ultra HD resolution ဖြစ်တဲ့ 3840 × 2160 pixels ရရှိမှာ ဖြစ်ပါတယ်။ Resolution မြင့်မားတဲ့အတွက် မိမိအနှစ်သက်ဆုံး ရုပ်ရှင်ဇာတ်ကားတွေကို အပြင်မှာတကယ်မြင်တွေ့နေရသလို အကြည်လင်၊ အလှပဆုံးရုပ်ထွက်နဲ့ မြင်တွေ့ခံစားရစေမဲ့ စမတ်တီဗွီကောင်း တစ်လုံးဖြစ်ပါတယ်။ အရောင်အသွေး၊ အလင်းအမှောင် အနေအထားကို အကောင်းဆုံးဖန်တီးပေးနိုင်တဲ့ HDR နည်းပညာလည်း ပါဝင်ပါတယ်။ Refresh Rate: 50Hz ရှိတဲ့အတွက် မြန်ဆန်တဲ့ဇာတ်ဝင်ခန်းတွေမှာ ရုပ်ထွက်ဝေဝါးသွားတာမျိုး မဖြစ်စေပါဘူး။ 4K UHD Upscaling ဖြစ်တဲ့အတွက် Full HD အရည်အသွေးရှိ ဗီဒီယိုတွေကိုကြည့်ရှုတဲ့အခါ 4K resolution အနေအထားအထိ မြှင့်တင်ပြီးမှ ပြသပေးမှာပါ။ Android အသုံးပြု စမတ်တီဗွီဖြစ်ပြီး Youtube, Netflix, Amazon Prime တို့လို တီဗွီစီးရီး Apps တွေကနေ မိမိနှစ်သက်ရာ ရုပ်ရှင်ဗီဒီယိုတွေကို အဆင်ပြေပြေ ကြည့်ရှုနိုင်မှာပါ။ ဘောလုံးပွဲဝါသနာပါသူတွေအတွက် Sport Mode လည်း ပါဝင်ပါတယ်။ ဝိုင်ဖိုင်အင်တာနက် ချိတ်ဆက်မှုအတွက် 2.4GHz ဝိုင်ဖိုင်နည်းပညာကို အသုံးပြုထားပါတယ်။ အသံပိုင်းမှာ ရုပ်ရှင်ရုံသုံး ပတ်လည်အသံစနစ်ဖြစ်တဲ့ Dolby Audio အသံနည်းပညာကို ထည့်သွင်းထားပါတယ်။ မိမိရဲ့စမတ်TVကို အသံဖြင့် စေခိုင်းနိုင်တဲ့ Google Assistant ပါဝင်လာမှာဖြစ်ပြီး မိမိရဲ့စမတ်ဖုန်းက ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်းတွေကို အလွယ်တကူချိတ်ဆက်ကြည့်ရှုနိုင်မဲ့ Chromecast လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Set-top Box တွေ၊ DVD စက်တွေနဲ့ ဂိမ်းစက်တွေတပြိုင်နက်ချိတ်ဆက်နိုင်ဖို့ HDMI ပေါက် သုံးခုကို တပ်ဆင်ထားပါတယ်။ External Hard Drive နဲ့ Memory Stick ထဲမှာ သိမ်းဆည်းထားတဲ့ရုပ်ရှင်ဇာတ်ကားတွေကို ချိတ်ဆက်ကြည့်ရှုနိုင်ဖို့ USB ပေါက် တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ Google Play Store ကို ထောက်ပံ့ပေးထားတဲ့အတွက် တီဗွီစီးရီး Apps တွေကို မိမိစိတ်ကြိုက် ထည့်သွင်းကြည့်ရှုနိုင်မှာပါ။
- Mitallic Frame
- Narrow Bezel
- 4K UHD
- HDR
- 4K Upscaling
- Micro Dimming
- Sports Mode
- Dolby Audio
- Bluetooth Audio
- AI-IN
- Far-field Voice Ready (Optional)
- Android TV (Android P)
- Google Assistant