- Display Size (inches): 50″
- Resolution: 1920 × 1080
- TV Resolution: Full HD (1080p/ 1920 × 1080)
- Refresh Rate: 50Hz
- TV Technology: LED
- Power Supply: 100V-240V
- Input: HDMI, USB, AV, Component, Audio Out
- Other Funtion: Dynamic Colour Contrast, Dolby Audio, Smart Sound
Android Apps တွေ၊ ဝိုင်ဖိုင်အင်တာနက်တွေနဲ့ ချိတ်ဆက်အသုံးပြုစရာမလိုဘဲ ပုံမှန်ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရှုဖို့အတွက် မျက်နှာပြင်ကျယ်ကျယ်နဲ့ Full HD တီဗွီတစ်လုံးကို ရှာနေတယ်ဆိုရင် ဒီ TCL အမှတ်တံဆိပ် “Full HD” တီဗွီကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ Full HD Resolution ဖြစ်တဲ့ 1920 × 1080 resolution အတိုင်း အပြည့်အဝရရှိမှာဖြစ်တဲ့အတွက် မိမိအနှစ်သက်ဆုံး ရုပ်ရှင်ဇာတ်ကားတွေကို အပြင်မှာ တကယ်မြင်တွေ့နေရသလို အကြည်လင်၊ အလှပဆုံးရုပ်ထွက်နဲ့ မြင်တွေ့ခံစားရစေမှာပါ။ နောက်ဆုံးပေါ် TV Tuner ဖြစ်တဲ့ Digital Tuner (T2) ပါဝင်တဲ့အတွက် အခမဲ့ တီဗွီလိုင်းတွေကို ကြည်လင်တဲ့ရုပ်ထွက်နဲ့ ဖမ်းယူကြည့်ရှုနိုင်ဦးမှာပါ။ LED Display နည်းပညာကို အသုံးပြုထားပြီး Refresh Rate: 50Hz ရှိတဲ့အတွက် မြန်ဆန်တဲ့ဇာတ်ဝင်ခန်းတွေနဲ့ အားကစားပြိုင်ပွဲတွေကို ကြည့်ရှုချိန်မှာ ရုပ်ထွက်ဝေဝါးသွားတာမျိုး မဖြစ်စေပါဘူး။ Set-top Box နဲ့ DVD စက်တွေချိတ်ဆက်ဖို့အတွက် HDMI ပေါက် ပါဝင်ပြီး External Hard Drive သို့မဟုတ် Memory Stick ထဲမှာ သိမ်းဆည်းထားတဲ့ဇာတ်ကားတွေကို ချိတ်ဆက်ကြည့်ရှုဖို့ USB ပေါက်လည်း ပါဝင်ပါတယ်။ ရုပ်ရှင်ရုံသုံးအသံစနစ်ဖြစ်တဲ့ Dolby Audio ပတ်လည်အသံစနစ်ကို အသုံးပြုထားပြီး ပြင်ပစပီကာတွေနဲ့အလွယ်တကူချိတ်ဆက်ဖို့ Audio Out ပါဝင်ပါတယ်။ Dynamic Colour Contrast ဖြစ်တဲ့အတွက် Resolution နိမ့်တဲ့ ရုပ်ရှင်နဲ့ပုံရိပ်တွေကိုတောင် ကြည်လင်တောက်ပစွာ မြင်တွေ့ရမှာပါ။
- ART Slim
- Super Narrow Bezel
- Digital Tuner (T2)
- HD
- True Color
- Natural Light Engine 2
- Smart Volume
- HDMI
- USB