- Display Size (inches): 50″
- Display Resolution: 3840 × 2160
- Resolution: 4K UHD
- Refresh Rate: 50Hz
- TV Technology: LED
- Power Supply: 100V-240V
- Input: HDMI × 3, USB × 1
- Android Version (Pie 9.0)
- Connectivity: Bluetooth (AP), WiFi (2.4GHz)
- Other Funtion: Dolby Audio, Smart Volume,Youtube, Netflix
လှပသပ်ရပ်တဲ့ သတ္တုဘေးဘောင်ကိုယ်ထည်ဒီဇိုင်းလေးနဲ့ ထုတ်လုပ်ပေးထားတဲ့ TCL အမှတ်တံဆိပ် “4K Ultra HD” စမတ် TV ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားက (၅၀”) ဖြစ်ပြီး Resolution ကတော့ 4K Ultra HD resolution ဖြစ်တဲ့ 3840 × 2160 pixels ရရှိမှာ ဖြစ်ပါတယ်။ Resolution မြင့်မားတဲ့အတွက် မိမိအနှစ်သက်ဆုံး ရုပ်ရှင်ဇာတ်ကားတွေကို အပြင်မှာတကယ်မြင်တွေ့နေရသလို အကြည်လင်၊ အလှပဆုံးရုပ်ထွက်နဲ့ မြင်တွေ့ခံစားရစေမဲ့ စမတ်တီဗွီကောင်း တစ်လုံးဖြစ်ပါတယ်။ Refresh Rate: 50Hz ရှိတဲ့အတွက် မြန်ဆန်တဲ့ ဇာတ်ဝင်ခန်းတွေမှာ ရုပ်ထွက်ဝေဝါးသွားတာမျိုး မဖြစ်စေပါဘူး။ Display နည်းပညာအတွက် LED Display နည်းပညာကိုပဲ အသုံးပြုထားပါတယ်။ Android အသုံးပြု စမတ်တီဗွီဖြစ်ပြီး OS အဖြစ် Android 9.0 (Pie) နဲ့ မောင်းနှင်ပေးမှာဖြစ်ပါတယ်။ Youtube, Netflix, Amazon Prime တို့လို တီဗွီစီးရီး Apps တွေကနေ မိမိနှစ်သက်ရာ ရုပ်ရှင်ဗီဒီယိုတွေကို အဆင်ပြေပြေ ကြည့်ရှုနိုင်မှာပါ။ Bluetooth ပါဝင်ပြီး ဝိုင်ဖိုင်အင်တာနက် ချိတ်ဆက်မှုအတွက် 2.4GHz ဝိုင်ဖိုင်နည်းပညာကို အသုံးပြုထားပါတယ်။ အသံပိုင်းမှာ ရုပ်ရှင်ရုံသုံး ပတ်လည်အသံစနစ်ဖြစ်တဲ့ Dolby Audio အသံနည်းပညာကို ထည့်သွင်းပေးထားပါတယ်။ Set-top Box တွေ၊ DVD စက်တွေနဲ့ ဂိမ်းစက်တွေတပြိုင်နက်ချိတ်ဆက်နိုင်ဖို့ HDMI ပေါက် သုံးခုကို ထည့်သွင်းပေးထားပါတယ်။ External Hard Drive နဲ့ Memory Stick ထဲမှာ သိမ်းဆည်းထားတဲ့ရုပ်ရှင်ဇာတ်ကားတွေကို ချိတ်ဆက်ကြည့်ရှုနိုင်ဖို့ USB ပေါက် တစ်ခုကို ထည့်သွင်းပေးထားပါတယ်။
- Full Screen
- Metallic Frame
- HDR 10+
- 4K UHD
- Dolby Audio
- Bluetooth Audio
- Netflix/Youtube
- Wi-Fi (2.4GHz Dual-band WiFi)