Xiaomi အမှတ်တံဆိပ် Mi E55S (Full Screen TV Pro) ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား 55” နဲ့ ထုတ်လုပ်ထားတဲ့အတွက် ကျယ်ဝန်းတဲ့မျက်နှာပြင်နဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး Resolution အနေနဲ့ 4K resolution ဖြစ်တဲ့ 3840x2160 pixels ရရှိမှာ ဖြစ်ပါတယ်။ မိမိနှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို 4K ရုပ်ထွက်နဲ့ ကြည်လင်လှပစွာ ကြည့်ရှုခံစားနိုင်မှာပါ။ Screen Refresh Rate – 60Hz ဖြစ်တဲ့အတွက် မြန်ဆန်တဲ့လှုပ်ရှားမှုတွေကို ဝေဝါးခြင်းမရှိဘဲ ကြည်လင်ပြတ်သားစွာပြသပေးနိုင်တဲ့အတွက် အားကစားပွဲစဉ်တွေ ကြည့်ရှုတဲ့အခါ သို့မဟုတ် ဂိမ်းကစားတဲ့အခါမှာ သမာရိုးကျမျက်နှာပြင်တွေထက် ပိုမိုအဆင်ပြေတာကို တွေ့ရမှာပါ။ ဝိုင်ဖိုင်အင်တာနက်နဲ့ ချိတ်ဆက်ပြီး Youtube, Amazon Prime နဲ့ Netflix တို့လို တီဗွီစီးရီး Apps တွေက ဇာတ်ကားကောင်းတွေကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အသံပိုင်းအတွက် 8W စပီကာနှစ်ခုကို တပ်ဆင်ထားပါတယ်။ အသံနည်းပညာအတွက် ကြည်လင်ပြတ်သားတဲ့ ပတ်လည်အသံစနစ်ဖြစ်တဲ့ DOLBY AUDIO အသံစနစ်ကို အသုံးပြုပေးထားပါတယ်။ Set-top Box, ဂိမ်းစက်နဲ့ DVD စက်တွေတပြိုင်နက်ချိတ်ဆက်ဖို့အတွက် HDMI ပေါက် သုံးခုပါဝင်ပါတယ်။ External Hard Drive နဲ့ Memory Stick ထဲမှာ သိမ်းဆည်းထားတဲ့ ဇာတ်ကားကောင်းတွေကို ချိတ်ဆက်ကြည့်ရှုနိုင်ဖို့ USB ပေါက် နှစ်ခု ပါဝင်ပါတယ်။ Ethernet ပါဝင်တဲ့အတွက် အင်တာနက်ကေဘယ်ကြိုးနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
- Display: 55-inch AI 4K Display
- GPU: Mali-G31 MP2
- Resolution: 3840 × 2160 Pixels
- CPU: Cortex A55
- Flash memory: 32GB Storage
- Memory: 2GB
- Connections and Expansion: HDMI: 3 (including one ARC), AV: 1 Analogue, DTMB: 1, USB: 2, Ethernet: 1, S / PDIF: 1
- Wi-Fi: Supported
- Bluetooth: Supported
- Audio: 2 × 8W | Audio decoding: DOLBY AUDIO, DTS- HD audio dual decoding
- Video: Built-in player: Built-in Mi-Player player | Support RM, FLV, MOV, AVI, MKV, TS, MP4 and other mainstream formats
- Battery and Power: 220V ~ 50 / 60Hz
- Refresh rate: 60Hz