Skip to content
The #1 Online Tech Retailer in Myanmar » Reviews

သတ်မှတ်ချက်များ
Terms of Use
 

  1. အဓိပ္ပါယ်ဖွင့်ဆိုချက် Definition
    ICT.com.mm ကို ICT ဟူ၍လည်း ခေါ်ဝေါ်အသုံးပြုကြပြီး ဝက်ဆိုဒ်၊ မိုဘိုင်းလ် အပ်ပလီကေးရှင်းများ၊ ဝက်ဘ် အပ်ပလီကေးရှင်း၊ ဖေ့စ်ဘွတ်စာမျက်နှာ၊ ဆိုင်နှင့်အတူ အွန်လိုင်းနှင့် မြေပြင်တွင် တရားဝင် အိုင်စီတီလိုဂိုနှင့် အချက်အလက်များ တပ်ဆင်၍ ချိတ်ဆက်အသုံးပြုခြင်းများ ပါဝင်သည်။
    ICT.com.mm also known as ICT is an eCommerce platform featuring website, mobile applications, web apps, Facebook page, physical showroom and all online and offline entities which include authorised and authentic logo and contents of ICT.com.mm.

  2. အသက်အရွယ်လိုအပ်ချက် Age Requirement
    ICT.com.mm သည် အသက်အရွယ်မရွေး အသုံးပြုနိုင်အောင် စီစဥ်ပေးထားပါသည်။ အသုံးပြုခြင်းအားဖြင့်လည်း သင်သည် အသက် ၁၃ နှစ်ပြည့်ပြီးကြောင်း ဝန်ခံကတိပြုပြီးသား ဖြစ်သည်။ သို့ရာတွင် စားသောက်ကုန်နှင်မ ကျန်းမားရေးနှင့် ဆက်စပ်ပစ္စည်းများ အစရှိသည့် ကုန်ပစ္စည်းအမျိုးအစားအချို့ကို ဝယ်ယူရာတွင် အသက် ၁၈နှစ်ပြည့်ပြီး ဖြစ်ရပါမည်။ ပြည့်ပြီးကြောင်းလည်း ဝင်ရောက်ကြည့်ရှုရာတွင် အတည်ပြုရပါမည်။
    ICT.com.mm is a general audience site. Buy using this site, and you affirm that you are at least 13 years of age. However, you need to be at least 18 years of age to access some content like food and beverages section, which will ask you again to confirm as well.

  3. အချက်အလက်များ Contents
    တရားဝင်ဖြန့်ချိရောင်းချသည့် ကိုယ်စားလှယ်များမှ ICT.com.mm တွင် ရောင်းချနေသည့် ကုန်ပစ္စည်းများ၏ အကြောင်းအရာနှင့် ပုံသဏ္ဌာန်များကို ပေးပို့ပါသည်။ ထို့အပြင် အိုင်စီတီ၏ အယ်ဒီတာများမှ ဝယ်ယူသူများ ပိုမိုရှင်းလင်းတိကျစေရန်အတွက် ကုန်းပစ္စည်းများ၏ မူလဘရန်း ဝက်ဆိုဒ်များမှ အချက်အလက်နှင့် ပုံသဏ္ဌာန်များကိုလည်း ကူးယူတင်ပြထားပါသည်။ လူ့အမှားများဖြစ်နိုင်သည့် သတ်ပုံ၊ ဝါကျများ၊ အကြောင်းအရာ ကူးယူမှားယွင်းမှုများ ဖြစ်ခဲ့ပါက ကြိုတင်တောင်းပန်ပါသည်။ တွေ့သည့်အခါလည်း မိမိလို ဝယ်ယူသူအားလုံး အကျိုးရှိစေရန်အတွက် အိုင်စီတီသို့ အချိန်မရွေးဆက်သွယ်အကြောင်းကြားစေလိုပါသည်။ ချက်ချင်းပြင်ဆင်ပေးသွားပါမည်။
    Authorised distributors and resellers provide contents listed such as images, the product description on ICT.com.mm. Furthermore, our editors may require from time to time to copy the contents from the brand website for better user experience for our customers. Thus, human errors like wrong spelling and misinformation may happen. Please inform to our team or comment when you see things like that for fellow shoppers, and our publisher will swiftly correct it. Apologies in advance if it happens too.

  4. စျေးနှုန်းနှင့် လက်ကျန်အရည်အတွက်များ Stock Availability and Pricing
    အွန်လိုင်းစျေးရောင်းဝယ် ပလက်ဖောင်းဖြစ်သည့်အတွက်ကြောင့် အိုင်စီတီတွင် ရောင်းချနေသည့် ကုန်ပစ္စည်းများကို တရားဝင်ဖြန့်ချိရောင်းချသည့် ကိုယ်စားလှယ်များမှ ပံ့ပိုးပေးပါသည်။ ကုန်ပစ္စည်းပေါင်း မြောက်များစွာကို အကောင်းဆုံးတင်ဆက်မှုဖြင့် ဖော်ပြလျက်ရှိပါသည်။ အများစုမှာ အစဥ်မပြတ် စျေးနှုန်းနှင့် လက်ကျန်အရည်အတွက်များကို ဖော်ပြပေးလျက် ရှိသလို၊ အချို့မှာလည်း အကြောင်းအမျိုးမျိုးကြောင့် အပတ်စဥ် သို့မဟုတ် လစဥ်သာ စာရင်းသစ်များကို ဖော်ပြပေးနိုင်ပါသည်။ ထို့ကြောင့် ဝယ်ယူသူအတွက် စျေးနှုန်းနှင့် လက်ကျန်အရည်အတွက်များ မှားယွင်းမှုရှိခဲ့ပါက ကြိုတင်တောင်းပန်အပ်ပါသည်။ ဝယ်ယူသူဘက်မှလည်း မိမိလို ဝယ်ယူသူအားလုံး အကျိုးရှိစေရန်အတွက် အိုင်စီတီသို့ အချိန်မရွေးဆက်သွယ်အကြောင်းကြားစေလိုပါသည်။ ချက်ချင်းပြင်ဆင်ပေးသွားပါမည်။
    As mentioned, ICT.com.mm intend as an eCommerce platform. Therefore, our partners, such as authorised distributors and resellers, provide items listed on ICT.com.mm. While we are dealing with large numbers of SKUs, most of our partners provide up to date stocks and pricing. However, some items are available for updates weekly or monthly. Therefore, if you feel something is wrong on stock level and pricing, you can always reach out to us via your preferred communication channels as follows. Apologies in advance if it happens too.

  5. စျေးနှုန်းတူညီမှု အာမခံချက် Price Matching Guarantee
    အိုင်စီတီရဲ့ ချစ်လှစွာသော ပရိတ်သက်ကြီးကလည်း အခြားပလက်ဖောင်းများထက် အိုင်စီတီ အဖွဲ့သားများ၏ တိကျမြန်ဆန်သည့် ဝန်ဆောင်မှု၊ လျင်မြန်သည့် ပို့ဆောင်မှုနှင့်အတူ ကုန်ပစ္စည်းအသစ်များကိုသာ ရောင်းချပေးနေသည့် အိုင်စီတီကိုသာ အစဥ်အားပေးနေကြောင်း သိရပါသည်။ ထို့ကြောင့် စျေးနှုန်းနှင့် လက်ကျန်အရည်အတွက်များ မှားယွင်းမှု ရှိနေခဲ့ပါက အိုင်စီတီမှ အမှန်ဖြစ်အောင် ဆောင်ရွက်ပေးလိုပါသည်။ တွေ့ရှိခဲ့ပါက ကုန်ပစ္စည်း၏ URL သို့မဟုတ် screenshot ကို အိုင်စီတီသို့ ပို့ပေးခြင်းဖြင့် စျေးနှုန်းတူညီအောင် ဆောင်ရွက်ပေးပါမည်။ သို့ရာတွင် ၎င်းကုန်ပစ္စည်းများသည် မြန်မာနိုင်ငံအတွင်း တရားဝင် ဖြန့်ချိရောင်းချနေသည်များ ဖြစ်ရပါမည်။
    Our beloved customers prefer ICT over other platforms for its genuine products, faster response time and speedy delivery. Therefore, as stated above, about incorrect stock availability and pricing, we’re always willing to make right for customers. If you see different pricing of any of our products anywhere in Myanmar, we are more than happy to match the price. Please send us a screenshot or product URL of the same product. However, these items need to be distributed by authorised distributors or resellers in Myanmar.

  6. ရောင်းချသည့်နေ့ရက် Date of Sold
    ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ‘Checkout’ စာမျက်နှာမှာ ‘Place Order’ ခလုတ်ကို နှိပ်ပြီး၊ အော်ဒါအောင်မြင်ကြောင်း အီးမေးလ်ကို ရရှိသည်နှင့် တပြိုင်နက် ကုန်ပစ္စည်းဝယ်ယူသည့်နေ့ Date of Sold အဖြစ် သတ်မှတ်မည် ဖြစ်သည်။
    All products and services – after clicking ‘Place Order’ on ‘Checkout’ page and received a success order email – will be considered as Date of Sold.

  7. ပို့ဆောင်ံပေးသည့်နေ့ရက် Delivery Date
    ဝယ်ယူသူမှ ICT.com.mmထံမှ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို လက်ခံရရှိသည်ဟု ဆိုင်းထိုးသည့်နေ့ကို Delivery Dateဟု သတ်မှတ်မည် ဖြစ်သည်။
    Delivery Date is the date when a customer sign on the slip of ICT.com.mm delivery date.

  8. ငွေပေးချေမှုဆောင်ရွက်ပုံများ Payment Processing
    အိုင်စီတီသည် 2C2P ဟုအမည်ရသည့် အရှေ့တောင်အာရှတွင် ဦးဆောင်နေသည့် ငွေပေးချေလက်ခံဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုကို အသုံးပြုထားပါသည်။ ထို့ကြောင့် ဝယ်ယူသူမှာ ဗီဇာ၊ မာစတာကဒ်နှင့် အမ်ပီယူကဒ်များကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။ ဝေ့ဖ်ပေး၊ ကေဘီဇတ်ပေး၊ ဝမ်းပေး၊ မိုင်တယ်လ်ပေး အစရှိသည့် မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဖြင့်ပေးချေနိုင်သည့် အပ်ပလီကေးရှင်းများကိုလည်း ၎င်းတို့ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာပြီး အသုံးပြုနိုင်သည်။ ထို့အပြင် သာမန်ရိုးကျ ငွေပေးချေမှု စနစ်များဖြစ်သည့် ဘဏ်ငွေလွှဲ၊ ကုန်ပစ္စည်းလက်ခံရှိမှ ငွေပေးစနစ်၊ လာရောက်ယူမှ ငွေပေးစနစ်များကိုလည်း အိုင်စီတီမှ လက်ခံံပါသည်။ ဘဏ်ငွေလွှဲစနစ်ကို အသုံးပြုမည်ဆိုပါက ‘checkout’ စာမျက်နှာရှိ ‘place order’ ခလုတ်ကို နှိပ်ပြီးသည်နှင့် တစ်ပြိုင်နက် ငွေလွှဲပေးရန်အတွက် အိုင်စီတီ၏ ဘဏ်အကောင့်များကို မြင်တွေ့နိုင်ပါသည်။
    ICT.com.mm used 2C2P, a leading payment service provider in South East Asia. Therefore, you can use your Visa, MasterCard and MPU securely on ICT.com.mm. We also accept Myanmar mobile payment platforms such as WavePay, KBZPay, OnePay, MytelPay. Customer can install all those preferred mobile payment applications on their mobile devices and accept terms and conditions from the respective payment provider. Furthermore, we accept traditional payment methods bank transfer, cash on delivery and cash on pickup. For bank transfer method, we have provided all available bank accounts after clicking the ‘Place Order’ button on the checkout page.

  9. ပို့ဆောင်ခြင်း Delivery
    အိမ်အရောက် ပို့ပေးသည့် ဝန်ဆောင်မှု ကြာမြင့်ချိန်မှာ သင်၏ နေရပ်လိပ်စာအပေါ် မူတည်ပြီး ကွာခြားနိုင်ပါသည်။ အကြမ်းမျဥ်း ကြာမြင့်နိုင်ချိန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
    Estimated delivery time for all products and services sold may differ on the billing address or shipping address you choose. Please see below for estimate time of delivery.
    1. ရန်ကုန်တိုင်းဒေသကြီးအတွင်းဆိုလျင် ၄ နာရီမှ ၃၆ နာရီအတွင်း
      Yangon Region: 4 – 36 Hours
    2. အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ဆိုလျင် ၁ရက်မှ ၅ရက်အတွင်း
      Other States & Region: 1-5 Days
    3. နိုင်ငံခြားသို့း ပိုမိုသိရှိရန် အီးမေးလ်ဖြင့် ဆက်သွယ်ပါ
      Overseas: contact via email for more information

  10. ကိုယ်ရေးအချက်အလက်မူဝါဒ Privacy
    အိုင်စီတီသည် ဝယ်ယူသူများ၏ ခရက်ဒစ်ကဒ်၊ အမ်ပီယူကဒ်နံပါတ်များကို သိမ်းဆည်းထားခြင်း မရှိပါ။ သို့ရာတွင် ဝယ်ယူသူ၏ အမည်၊ လိပ်စာ နှင့် ဖုန်းနံပါတ်များကို ပို့ဆောင်ပေးသည့် ကုမ္ပဏီများသို့ လိုအပ်သည့် အချက်အလက်အချို့ ပေးရပါသည်။ အီးမေးလ်၊ ဖုန်းနံပါတ် တို့ကိုတော့ အိုင်စီတီတစ်ဦးတည်းသာ ဝယ်ယူသူတွေအတွက် ပရိုမိုးရှင်းများကို အစဥ် သိနေနိုင်အောင် အသုံးပြုပါသည်။
    ICT.com.mm do not store customers credit cards, MPU card numbers. However, we collect and share information like your name, your address, your email and your phone number to our logistics partners for delivery and marketing and promotion campaign from ICT.com.mm only. More privacy information, please read here.

  11. ပြန်လည်ပေးပို့ခြင့်နှင့် ငွေပြန်အမ်းခြင်း Returns & Refunds
    အများပြည်သူ ရုံးပိတ်ရက်မှအပ ဝယ်ယူခဲ့သည့် ကုန်ပစ္စည်းများကို အောက်ပါ အကျိုးအကြောင်း တစ်စုံတစ်ရာဖြင့် ကြုံတွေ့ခဲ့ပါက ၃ ရက်အတွင်း ပြန်လည်ပေးပို့လဲလှယ်နိုင်မည်။ သို့မဟုတ်ပါက မည်သည့်အကျိုးအကြောင်းကြောင့်မှ ဝယ်ယူပြီး ပစ္စည်းများကို ပြန်လည် လဲလှယ်ပေးမည် မဟုတ်ပါ။
    Items with the following conditions are qualified to return or receive a refund within three (3) working days. Else, no returnable or no refundable for any reasons.
    1. ဘောက်ချာထဲမှာ ဖော်ပြထားသည့်အတိုင်း မဟုတ်ခဲ့ပါက။ (ဥပမာ – ကာလာမှားနေခြင်း၊ model မှန်ကန်မှု မရှိခြင်း။)
      Items are not correct as stated on the invoice. (e.g. wrong colour, wrong model)
    2. ကုန်ပစ္စည်း၏ အထုပ်အပိုး ပျက်စီးပြီး၊ ဖွင့်လှစ်အသုံးပြုထားခြင်း။
      Items are unboxed and/or damaged.
    3. လက်ဆောင်ကဒ်၊ လက်ဆောင်ကုဒ်နှင့် ဆော့ဖ်ဝဲလ်။
      Gift Cards, Gift Codes and Software.

  12. ပယ်ဖျက်ခြင်း Cancellation
    အော်ဒါတင်ပြီး ၃ရက်အတွင်း ငွေပေးချေမှု မရှိသေးသော အော်ဒါများ သို့မဟုတ် ဝယ်ယူသူကို ဆက်သွယ်လို့ မရပါက အိုင်စီတီမှ ၎င်းအော်ဒါများကို အလိုအလျှောက် ပယ်ဖျက်သွားမည်။ ဝယ်ယူသူဘက်မှလည်း ဝယ်ယူပြီးပြီးချင်း ကနဦး ၂ နာရီအတွင်း ‘My Account’ ထဲသို့ ဝင်ရောက်ကာ အော်ဒါကို ပယ်ဖျက်ခွင့် ရှိသည်။
    ICT.com.mm has the right to cancel any order if the customer does not pay for an invoice within three (3) working days or customer is uncontactable. Customer can also cancel under ‘My Account’ during the first two (2) hours from the time of purchase.

  13. ဆက်သွယ်ရန် Contacting ICT.com.mm
    အောက်ပါလင့်များတွင် အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။
    Please use the following communication channels.
    1. Live Chat on Website
    2. Facebook Customer Chat m.me/ICT.com.mm
    3. Telephone 09 765 441 707 / 08 / 09 / 10
    4. Email info@ict.com.mm